Connect with us

Hi, what are you looking for?

News

ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏ တော်လှန်ရေး တစ်နှစ်ပြည့် အခမ်းအနားပြုလုပ်

CDF မင်းတပ်ကလည်း ” YDF ၏ မဟာမိတ်ကောင်း ပီသမှု ၊ သတ္တိရှိမှုများနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင် အတူတကွဆက်လက်ပူးပေါင်း တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ” သ၀ဏ်လွှာကို ပေးပို့ခဲ့သည်။

ဓာတ်ပုံ - ဓာတ်ပုံများ-Salai Houng Aung Ling/FB

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၏ တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနားကို ယမန်နေ့(မေလ ၁၉ ရက်)က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ CDF မင်းတပ်မှ ကိုယ်စားလှယ် ခုနစ်ဦးတတ်ရောက်ခဲ့ကြောင်းလည်း ယင်းအဖွဲ့မှတာဝန်ရှိသူများက ဆိုသည်။

ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB

“YDF ဆိုတာ မကွေးတိုင်းထဲက ယောသားတွေနေတဲ့ ‌ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲကျောက်ထုဆိုတဲ့ ယောငါးမြို့ကိုစုပေါင်းပီး Yaw Defence Force ဖြစ်လာတာပါ။CDFs တွေနဲ့ မဟာမိတ်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ကလေး၊မင်းတပ်၊ဒီမော့ဆိုးတို့နဲ့အတူအစဦးဆုံး တူမီးနဲ့ စတော်လှန်ခဲ့ကြတဲ့သူတွေဖြစ်တယ် “ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB

ထို့အပြင် လက်နက်အင်အားမှာလည်း ယခင်နှစ် စက်တင်ဘာအထိ မောင်းပြန်တစ်လက်မှ မရှိခဲ့ပဲ ပြည်တွင်း၊ပြည်ပ ယောသူ၊ယောသားများ၏ ကြိုးစားအားထုတ်မှုကြောင့် မောင်းပြန်သေနတ်ထောင်ဂဏန်းနီးပါးအပြင် RPG7 ၊PKM စက်သေနတ်များ၊တိုက်ခိုက်ရေးDrone များနှင့် ကိုယ်ပိုင်လက်နက်ထုတ်လုပ်ရေးများပါ ပိုင်ဆိုင်လာသည်အထိ အားကောင်းလာကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB

အလားတူ YDF နှင့်CDF မင်းတပ်သည် ညီနောင်မဟာမိတ်များဖြစ်သည်နှင့်အညီ ပူးပေါင်းစစ်ဆင်ရေးများစွာကိုလည်း လက်တွဲ အကောင်ထည်ဖော်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

CDF မင်းတပ်ကလည်း ” YDF ၏ မဟာမိတ်ကောင်း ပီသမှု ၊ သတ္တိရှိမှုများနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင် အတူတကွဆက်လက်ပူးပေါင်း တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ” သ၀ဏ်လွှာကို ပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။