Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် ရဲများ နုတ်ထွက်ကြရန် KIO ဆဒုံးမြို့နယ်အုပ်ချုပ်ရေးရုံး ကြေညာ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KIO ခရိုင်အုပ်ချုပ်ရေးရုံးများနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအရ နုတ်ထွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း စာများ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်သူ့စစ်နှင့် ရဲများကို နုတ်ထွက်ခိုင်းခြင်းဖြစ်သည်။

▪️ဝန်ထမ်းများ၊ ပြည်သူ့စစ်နှင့် ရဲများနုတ်ထွက်ရန် KIOက ဆက်တိုက်ကြေညာနေသကဲ့သို့ ပြည်သူ့စစ်၊ BGF နှင့် ၂၀၀၈ ဖွဲ့စည်းပုံလက်ခံသည့် ပါတီများကို ရန်သူအဖြစ် အသိပေးထား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ(ကချင်လွတ်လပ်ရေးအဖွဲ့-KIO ဆဒုံးမြို့နယ်) အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် ရဲများအားလုံး ဇွန်လ ၃၀ရက် နောက်ဆုံးထားပြီး နုတ်ထွက်ကြရန် KIO ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက ယမန်နေ့တွင် ကချင်ဘာသာဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်ကို မလိုက်နာဘဲ စစ်ကောင်စီလက်အောက်တွင် ဆက်လက်ရှိနေသူများ၏ နေအိမ်၊ လယ်ယာနှင့် ခြံများကို သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်ဟု ကချင်သတင်းဌာန Kachinwaves က ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KIO ခရိုင်အုပ်ချုပ်ရေးရုံးများနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအရ နုတ်ထွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း စာများ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်သူ့စစ်နှင့် ရဲများကို နုတ်ထွက်ခိုင်းခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည့် စာနှင့်ပတ်သက်ပြီး KIO ဗဟိုသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ သို့ရာတွင် ဗိုလ်မှူးကြီးနော်ဘူက အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ဒေသလိုအပ်ချက်က ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောဆိုထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံခဲ့သည့် KIO/KIA အနေဖြင့် အောက်ခြေမှ ယခုကဲ့သို့ ကြေညာချက်များထုတ်ပြန်ခြင်း ထုတ်ပြန်ချက်အတိုင်း လေက်တွေ့ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်ပါက နောက်ဆက်တွဲ တင်းမာမှုများစွာ ဖြစ်လာနိုင်သည်ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

“ဆဒုံးဘက်ခြမ်းက နည်းနည်းတော့ ရှုပ်တယ်။ လက်နက် ကိုင်ပေါင်းစုံရှိနေတယ်။ အဲဒီမှာ တပ်လည်းရှိတယ် BGF အဖွဲ့လည်းရှိတယ်။ ပြည်သူ့စစ်အဖွဲ့တွေလည်း ၂ဖွဲ့၊ ၃ဖွဲ့လောက်ရှိတယ်။ အဲဒီလို ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ KIO အနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှု အပေါ်မှာ ပြည်သူ့စစ် ဒူးလေးပါတီဆိုပြီး နောက်ဆုံး ပြန်ပေါ်လာတယ်လေ။ အဲဒီလိုဖြစ်တဲ့အခါကျတော့လည်း သူတို့ အနေနဲ့ ပြည်သူ့စစ်မလုပ်ခိုင်းစေချင်ဘူး။ အဲဒါ ပြောတာကို သူတို့ကလည်း ပေါ်ပေါ်တင်တင်နဲ့လှုပ်ရှားမှုနဲ့ များလာတဲ့အပေါ် KIA အနေနဲ့ သတိပေးတဲ့ သဘောလို့ မြင်တယ်” ဟု ကချင်ဒေသခံက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီကို တစ်နိုင်ငံလုံးရှိ ပြည်သူများက အမြစ်ပြတ် ချေမှုန်းရန် လုပ်ဆောင်နေချိန်တွင် ကချင်ပြည်နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းမှုများ လုပ် ဆောင်နေသည့်အပေါ် KIO/KIAက ကြိုတင် သတိပေးခြင်းလည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ပုံစံမျိုး ပြန်ဖြစ်တဲ့အခါကျတော့ သူတို့ကို မပြောဘဲ လုပ်လို့ရှိရင် သူတို့လည်း လူမျိုးရေးတို့ ဖြစ်လာမှာစိုးလို့ ကြိုတင်အသိပေးတယ်။ အသိပေးပြီး ခင်ဗျားတို့အနေနဲ့ ရပ်တန်းက ရပ်တန့်ပေါ့ မရပ်တန့်ဘူးဆိုရင် ခင်ဗျားတို့အနေနဲ့ ဒီလို သတ်မှတ်လိုက်မယ် နောက်ဖြစ်လာတဲ့ ပြဿနာ ကျွန်တော်တို့ကို အဆိုးမဆိုနဲ့ ဆိုတဲ့ ပုံစံမျိုး လုပ်တာထင်တယ်”ဟု ကချင်ဒေသခံက KIO အုပ်ချုပ်ရေး အဖွဲ့များ၏ ကြေညာချက်များနှင့်ပတ်သက်ပြီး သုံးသပ်ပြောကြားသည်။

KIO/KIA သတင်းပြန်ကြားရေးဌာနကလည်း ပြီးခဲ့သည့် ရက်အနည်းငယ်က ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် (BGF)၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံသည့် နိုင်ငံရေးပါတီ များအပေါ်ထားရှိသည့် သဘောထားကို သတင်းဖော်ပြခဲ့သည်။ ပြည်သူ့စစ်နှင့် BGFများကို စစ်ရေးအရ ရန်သူအဖြစ်လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံသည့် နိုင်ငံရေးပါတီများကို နိုင်ငံရေးအရ ရန်သူအဖြစ်သတ်မှတ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးက ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook