Connect with us

Hi, what are you looking for?

News

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း မည်သည့်ကိစ္စ ဆောင်ရွက်သည်ဖြစ်စေ KNUထံ ခွင့်ပြုချက်ယူရမည်

KNU မုန်းမြို့နယ်သည် KNU ဗဟိုနှင့် ခရိုင် မှ ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ အပေါ် ရပ်တည်ပြီး ပြည်သူလူထု လူမှုဘ၀လုံခြုံရေး၊ နယ်မြေလုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူလူထုများ လိုက်နာရမည့် အချက်များကို ညွှန်ကြားလိုက်ကြောင်း ဖော်ပြကာ အထက်ပါအတိုင်း ညွှန်ကြားခဲ့သည်။

▪️ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ သစ်တော၊သယံဇာတနှင့် ရေလုပ်ငန်းများလုပ်လိုပါက တရားဝင်တင်ပြရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုများ အသိ အမှတ်ပြုနိုင်ရန် KNUထံ စာရင်းသွင်းရမည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှုနယ်မြေများအတွင်း ဆောင်ရွက်လိုသည့် မည်သည့် ကိစ္စမဆို သက်ဆိုင်ရာမြို့နယ် ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU မုန်းမြို့နယ်က မေလ ၂၁ရက်က ကျေးရွာနေ ပြည်သူများထံ ညွှန်ကြားချက် ထုတ်ပြန် သည်။

အဆိုပါ ညွှန်ကြားချက်ကို KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

KNU မုန်းမြို့နယ်သည် KNU ဗဟိုနှင့် ခရိုင် မှ ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ အပေါ် ရပ်တည်ပြီး ပြည်သူလူထု လူမှုဘ၀လုံခြုံရေး၊ နယ်မြေလုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူလူထုများ လိုက်နာရမည့် အချက်များကို ညွှန်ကြားလိုက်ကြောင်း ဖော်ပြကာ အထက်ပါအတိုင်း ညွှန်ကြားခဲ့သည်။

Public Service Announcement

Public Service Announcement

KNU မုန်းမြို့နယ်၏ နယ်မြေအတွင်း ပညာရး၊ ကျးန်မာရေး၊ လူမှုရေးဆိုင်ရာကိစ္စများနှင့် စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်လုပ်ကိုင်လိုပါက KNU မုန်းမြို့နယ်သို့ တရားဝင်တင်ပြတောင်းခံ ခွင့်ပြုချက်ရမှသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူလူထုများသည် မိမိတို့ ပိုင်ဆိုင်မှု မှန်သမျှကို တရားဝင် အသိအမှတ်ပြုနိုင်ရန်အတွက် KNU မုန်းမြို့နယ်ရုံးတွင် တရားဝင်စာရင်းသွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဒေသခံများ အနေဖြင့် KNU မုန်းမြို့နယ် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနှင့် သဘာ၀ သယံဇာတများအား ဆောင်ရွက်လုပ်ကိုင်လိုပါက KNU မုန်းမြို့နယ်၏ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

မူးယစ်ဆေးဝါး နှင့် လောင်းကစားများကို လုံး၀မပြုလုပ်ရကြောင်း KNU မုန်းမြို့နယ်က တားမြစ်ထားသည်။

ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက KNU ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟုလည်း KNU မုန်းမြို့နယ်က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။