Connect with us

Hi, what are you looking for?

News

ခလရ (၄၂)မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားသုံးစီးပါယာဥ်တန်းကို ခင်ဦး PDF မိုင်းဆွဲတိုက်ခိုက်

လက်ရှိ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်မှု အခြေအနေကြောင့် ရေဦးမြို့ပေါ်နေ ပြည်သူများနှင့် ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များရှိ ကျေးရွာများအနေဖြင့် အထူးသတိပြုရန်လည်း ခင်ဦး PDF က တိုက်တွန်းသည်။

(စစ်ကိုင်းတိုင်းအတွင်း အင်အားဖြည့်တင်နေသော စစ်ကောင်စီယာဥ်တန်းကို ​တွေ့ရစဥ် ။(ယခုလဆန်းပိုင်းက ပုံအ​ဟောင်း ဖြစ်သည်)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက် အောက်ခံ ခလရ(၄၂) တပ်ရင်းမှ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကားသုံးစီးပါရှိသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(မေ ၂၅ ရက်) ည ၇ နာရီခန့်က ရွှေဘိုမြို့မှ ထွက်လာသည့် လက်နက်ခဲယမ်းကားများကို ရေးဦးမြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကားလေးစီးဖြင့် လာကြိုခဲ့သည်ဟု ဆိုသည်။

“လာကြိုတဲ့ကားတွေမှာ အင်အားအပြည့်ပါတယ်။ပြီးတော့ ရွှေဘိုက ထွက်လာတဲ့ ကားတွေမှာလဲ စခ အထိုက်သင့်ပါတယ်။မိုင်းဆွဲတာ ခင်ဦး နဲ့ရေဦး ကြားထဲက နေရာနှစ်ခု မှာဆွဲလိုက်တာ”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြော သည်။

ခင်ဦးနှင့် ရေဦးမြို့နယ်ကြားရှိ ကန်သစ်ရွာနှင့် အင်းပတ်ကွေ့အနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီကားတစ်စီးထိမှန်သည်ကို အတည်ပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ယာဥ်တန်းတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပါအဝင် ပြန်လည်ပစ်ခတ်သဖြင့် ကံသစ်ရွာရှိ နေအိမ်တစ်လုံးပေါ်ကျကာ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်မှု အခြေအနေကြောင့် ရေဦးမြို့ပေါ်နေ ပြည်သူများနှင့် ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များရှိ ကျေးရွာများအနေဖြင့် အထူးသတိပြုရန်လည်း ခင်ဦး PDF က တိုက်တွန်းသည်။

ထို့အပြင် ရေဦး – ခင်ဦး – ရွှေဘို လမ်းပိုင်းနှင့် ရွှေဘို- ညောင်ပင်သာ – ခင်ဦး လမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယာယီပိတ်ထားကြောင်း ယမန်နေ့(မေ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook