Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် နှစ်ရက်အတွင်း တိုက်ပွဲ ​ခြောက်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၄ဦးသေ

KNU နယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခြင်းမှာ စစ်ကောင်စီတပ်များအနေဖြင့် နယ်မြေမကျွမ်းခြင်း၊ စိတ်ဓာတ်ရေးရာအရ အားနည်းခြင်း၊ KNU တပ်ဖွဲ့များက ပြောက်ကျားနည်းအရ ခြုံခိုတိုက်ခိုက်ခြင်း မိုင်းခွဲတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု KNU တာဝန်ရှိသူအချို့က ပြောကြားထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ နှစ်ရက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံတပ်မှ ၁၄ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၁ရက်နှင့် ၁၂ရက်များတွင် ဖာပွန်ခရိုင် ဝါသိုးခို၊ ဖာပွန်-ကမမောင်းလမ်း၊ ဝါ့လူစခန်း၊ တမိုလာလော်ဒေသ၊ ထီးဘာလဲလော်ဒေသတို့၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၁ရက်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့များအား ဝါသိုးခို အနီးတွင် KNU တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ BGF တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။ ယင်းနေ့၌ပင် ဖာပွန် -ကမမောင်းလမ်းရှိ ၂၁မိုင်နှင့် ခွေးသေရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်သည်။ ထို့အပြင် ဝါ့လူစခန်း အခြေစိုက် စစ်ကောင်စီတပ်ကိုလည်း KNU တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၂ရက်ကလည်း တမိုလာလော်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ထီးဘာလဲလော် ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေ၊ သုံးဦး ဒဏ်ရာရခဲ့ကြောင်း၊ ခွေးသေရွာနှင့် ၂၁မိုင်ကြား ၌လည်း တိုက်ပွဲ ထပ်ဖြစ်၍ စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နှစ်ရက်အတွင်း တိုက်ပွဲများ၌ KNU တပ်ဖွဲ့မှ ထိခိုက်ကျ ဆုံးမှုမရှိကြောင်း ဖော်ပြသည်။

KNU နယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခြင်းမှာ စစ်ကောင်စီတပ်များအနေဖြင့် နယ်မြေမကျွမ်းခြင်း၊ စိတ်ဓာတ်ရေးရာအရ အားနည်းခြင်း၊ KNU တပ်ဖွဲ့များက ပြောက်ကျားနည်းအရ ခြုံခိုတိုက်ခိုက်ခြင်း မိုင်းခွဲတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု KNU တာဝန်ရှိသူအချို့က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။