Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ဖို့ စစ်အုပ်စုခေါင်းဆောင်ဖိတ်ကြား

နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို မသွားခင် အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်ကဖော်ပြပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့မစ္စနိုလင်းဟေဇာ

နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာပစ်ပယ်ခံရမှုတွေကြုံနေရတဲ့စစ်ကောင်စီဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံကိုလာရောက်ဖို့ လမ်းဖွင့်ပေးလိုက်တယ်လို့သိရပါတယ်။

မကြာခင်ကာလမှာ လာရောက်ဖို့အတွက် စစ်ကောင်စီခေါင်းဆောင် က ကုလအထူးကိုယ်စားလှယ်ကို ဖိတ်ကြားလိုက်တာပါ။

နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို မသွားခင် အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်ကဖော်ပြပါတယ်။

မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ သိပ်မကြာခင်မှာ မြန်မာကိုသွားရောက်ဖို့အတွက် ပြင်ဆင်နေတာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဟွန်ဆန်ရဲ့အမြင်သဘောထားသိရအောင် ခရီးစဉ်မတိုင်ခင်တွေ့ဆုံရတာဖြစ်တယ်လို့ နိုလင်းဟေဇာက ပြောခဲ့ကြောင်း ဟွန်ဆန်ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ကမ္ဘောဒီးယားကိုယ်စားလှယ်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖနွမ်းပင်ပို့စ်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တွေ့ဆုံမှုမှာ ဟွန်ဆန်ကမြန်မာ့အရေးကို ကူညီနိုင်ဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့်အချက်ဟာ အပစ်အခတ်ရပ်စဲရေးကနေ အကြမ်းဖက်မှုတွေရပ်စဲဖို့ ဖြစ်ပြီး ဒုတိယအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေထံထောက်ပံ့ဖို့ဖြစ်တယ်လို့ နိုလင်းဟေဇာကိုပြောပြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သက်ဆိုင်တဲ့အစုအဖွဲ့တွေအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်စေဖို့ ဖြစ်တယ်လို့ မြန်မာ့အရေးအတွက် အချက် ၃ ချက်ကို ဟွန်ဆန်က ကုလအထူးကိုယ်စားလှယ်ကို ပြောပါတယ်။

နိုလင်းဟေဇာရဲ့ခရီးစဉ်အကောင်အထည်ဖော်ဖြစ်ရင်ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။

မစ္စနိုလင်းဟေဇာကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာပါ။ ဒါပေမယ့် နိုလင်းဟေဇာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ကို လနဲ့ချီပြီး စစ်အုပ်စုက ခွင့်မပြုခဲ့ပါဘူး။

ဒါအပြင် ပြီးခဲ့တဲ့ မေလအတွင်း ဖနွမ်းပင်မှာကျင်းပတဲ့ မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အာဆီယံအစည်းအဝေးမှာလည်း နိုလင်းဟေဇာ တက်ရောက်မှာကို စစ်အုပ်စုက ပိတ်ပင်ခဲ့တာတွေလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မေးမြန်းခန်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတောအတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ စိတ်မချမ်းမြေ့စရာ မြေပြင် အခြေအနေတွေကို တွေ့မြင်ခွင့် ရခဲ့ပါတယ်။ အဆိုးရွားဆုံး ပျက်စီးမှုတွေကြားမှာ အစွမ်းကုန် အားတင်းရုန်းကန်နေတဲ့ မြန်မာ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း မြင်ခဲ့ရပါတယ်။ ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက်...