Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ဖို့ စစ်အုပ်စုခေါင်းဆောင်ဖိတ်ကြား

နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို မသွားခင် အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်ကဖော်ပြပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့မစ္စနိုလင်းဟေဇာ

နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာပစ်ပယ်ခံရမှုတွေကြုံနေရတဲ့စစ်ကောင်စီဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံကိုလာရောက်ဖို့ လမ်းဖွင့်ပေးလိုက်တယ်လို့သိရပါတယ်။

မကြာခင်ကာလမှာ လာရောက်ဖို့အတွက် စစ်ကောင်စီခေါင်းဆောင် က ကုလအထူးကိုယ်စားလှယ်ကို ဖိတ်ကြားလိုက်တာပါ။

နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို မသွားခင် အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဖနွမ်းပင်ပို့စ်ကဖော်ပြပါတယ်။

မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ သိပ်မကြာခင်မှာ မြန်မာကိုသွားရောက်ဖို့အတွက် ပြင်ဆင်နေတာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဟွန်ဆန်ရဲ့အမြင်သဘောထားသိရအောင် ခရီးစဉ်မတိုင်ခင်တွေ့ဆုံရတာဖြစ်တယ်လို့ နိုလင်းဟေဇာက ပြောခဲ့ကြောင်း ဟွန်ဆန်ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ကမ္ဘောဒီးယားကိုယ်စားလှယ်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖနွမ်းပင်ပို့စ်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တွေ့ဆုံမှုမှာ ဟွန်ဆန်ကမြန်မာ့အရေးကို ကူညီနိုင်ဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့်အချက်ဟာ အပစ်အခတ်ရပ်စဲရေးကနေ အကြမ်းဖက်မှုတွေရပ်စဲဖို့ ဖြစ်ပြီး ဒုတိယအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေထံထောက်ပံ့ဖို့ဖြစ်တယ်လို့ နိုလင်းဟေဇာကိုပြောပြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သက်ဆိုင်တဲ့အစုအဖွဲ့တွေအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်စေဖို့ ဖြစ်တယ်လို့ မြန်မာ့အရေးအတွက် အချက် ၃ ချက်ကို ဟွန်ဆန်က ကုလအထူးကိုယ်စားလှယ်ကို ပြောပါတယ်။

နိုလင်းဟေဇာရဲ့ခရီးစဉ်အကောင်အထည်ဖော်ဖြစ်ရင်ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။

မစ္စနိုလင်းဟေဇာကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာပါ။ ဒါပေမယ့် နိုလင်းဟေဇာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ကို လနဲ့ချီပြီး စစ်အုပ်စုက ခွင့်မပြုခဲ့ပါဘူး။

ဒါအပြင် ပြီးခဲ့တဲ့ မေလအတွင်း ဖနွမ်းပင်မှာကျင်းပတဲ့ မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အာဆီယံအစည်းအဝေးမှာလည်း နိုလင်းဟေဇာ တက်ရောက်မှာကို စစ်အုပ်စုက ပိတ်ပင်ခဲ့တာတွေလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

သတင်း

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ​ကျော်ရှိပြီး​တော့ H&M မှာ အထည်ချုပ်လုပ်ငန်း ၃၉ ခုဆီမှာ အထည်​တွေ ချုပ်လုပ်ခဲ့တာလို့သိရပါတယ်။