Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘောဒီယားအစိုးရ ဂုဏ်သိက္ခာကျဆင်းနေမှုကို ပြန်လည်အဖက်ဆယ်ရန် မြန်မာစစ်တပ်အပေါ် ချက်ချင်းအရေးယူရမည်ဟု JFM ထုတ်ပြန်

စစ်ကောင်စီနှင့် ကမ္ဘောဒီးယားတို့အကြားကုန်သွယ်​ရေး သဘောတူစာချုပ်များသည် မြန်မာပြည်သူလူထု၏ သဘောဆန္ဒများကို မျက်ကွယ်ပြု သစ္စာဖောက်ရုံသာမက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် အခွန်ဝင်ငွေ တိုးရန် ကူညီပေးနေခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်သည်။

ကမ္ဘောဒီယားအစိုးရ
ကမ္ဘောဒီယားအစိုးရ

ကမ္ဘောဒီယားအစိုးရသည် အာဆီယံဥက္ကဌအဖြစ် ကျဆင်းနေသော ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်ရန် မြန်မာစစ်တပ်အပေါ် ခိုင်မာအားကောင်းသည့် အရေးယူဆောင်ရွက်ချက်များ ချက် ချင်းလုပ်ဆောင်ရမည်ဟု Justice For Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီယားနှင့် အကြမ်းဖက် မြန်မာစစ်တပ်တို့အကြား ကုန်သွယ်ရေးကိစ္စများ စေ့စပ်ညှိနှိုင်း သဘောတူလိုက်ခြင်းမှာ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ ကူညီသည့်လုပ်ရပ် ဖြစ်၍ အာဆီယံဥက္ကဌဟူသော ဂုဏ်သိက္ခာ ညှိုးနွမ်းပျက်ပြားသွားပြီဟု JFM က သုံးသပ်သည်။

ကမ္ဘောဒီယားအစိုးရ
ကမ္ဘောဒီယားအစိုးရ

“ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားခြင်းစာနာထောက်ထားမှု ဥပဒေတွေကို အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ တရားမဝင်စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတာ၊ ကုန်သွယ်ရေး သဘောတူ စာချုပ်တွေအားကောင်းအောင် လုပ်နေတာတွေဟာ စိတ်ပျက်စရာ ကောင်းလှပါတယ်” ဟု JFM က ဆိုသည်။

စစ်ကောင်စီနှင့် ကမ္ဘောဒီးယားတို့အကြားကုန်သွယ်​ရေး သဘောတူစာချုပ်များသည် မြန်မာပြည်သူလူထု၏ သဘောဆန္ဒများကို မျက်ကွယ်ပြု သစ္စာဖောက်ရုံသာမက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် အခွန်ဝင်ငွေ တိုးရန် ကူညီပေးနေခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကမ္ဘောဒီးယားသည် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပါဝင်သော ညှိနှိုင်း ဆွေးနွေးမှုများဖြစ်ပေါ်ရေး တောင်းဆိုထားသည့် အာဆီယံဘုံသဘောထားငါးရပ်ကို ချိုးဖောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်ဆွေးနွေးတိုင်ပင်ရန် ဆက်လက်ပျက်ကွက်နေဆဲ ဖြစ် သည်ဟု JFM က ထောက်ပြသည်။

ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုကာ စစ် ကောင်စီအပေါ် အာဆီယံ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု မူဘောင်တစ်ခု ချက်ချင်းဖော်ထုတ်ရမည်ဟု JFM ကတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း