Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်များအား ဖမ်းဆီးရန်လာသည့် စစ်ကောင်စီတပ်ကို ကန့်ဘလူနှင့် ခင်ဦးဒေသကာကွယ်​ရေးတပ်တိုက်ခိုက်

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ခင်ဦးမြို့နယ်ရှိ ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)
(ခင်ဦးမြို့နယ်ရှိ ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

▪️စစ်​ကောင်စီတပ်သား ခုနစ်ဦး​သေဟုဆို

စစ်ဘေးရှောင်ပြည်သူများအား ဖမ်းဆီးရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူနှင့် ခင်ဦးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးသွားခဲ့သည်။

တိုက်ပွဲသည် ကန့်ဘလူမြို့နယ်၊ မူးဘောင်ရေတံခါးအနီးတွင် ယမန်နေ့(မေလ ၂၉ရက်)ညနေက ဖြစ်ပွားခဲ့ခြင်းဟု ခင်ဦးမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ခင်ဦးက ပြည်သူတွေက စစ်ကောင်စီလက်ကလွတ်အောင် ကန့်ဘလူမှာစစ်သွားရှောင်နေကြတာ။ခွေးတပ်က အရပ်သားတွေကို လိုက်မဲနေတာ”ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

မူးဘောင်ရေထိန်းတံခါးအနီး တိုက်ခိုက်မှုတွင် စစ်ကောင် စီဘက်က သုံးဦးသေဆုံးပြီး ကျောက်တိုင်ရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးထပ်မံသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ကန့်ဘလူ UG (စိန်ဗေဒါ)နှင့်ခင်ဦး ဒေသခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် မေလ ၂၉ရက် နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် သရက်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီရန်ကြောင့် သရက်ချောင်းအပါအဝင် ကျေးရွာငါးရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။