Connect with us

Hi, what are you looking for?

သတင်း

ကြားကာလပညာရေး အရှိန်မြှင့်ရန် Yangon Federal School တည်ထောင်ကြောင်း ထုတ်ပြန်

ကော်မတီသည်ခရိုင်အလိုက်ကိုယ်စားလှယ်များဖြင့် ကျောင်းတာဝန်ခံနှင့် ကျောင်း၏ Board of Director အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး တာဝန်ခံနှင့် Board of Director အဖွဲ့သည် Yangon Federal School ၏ စီမံခန့်ခွဲမှုများကို စနစ်တကျ စီမံဆောင်ရွက်သွားမည်ဟု ထုတ် ပြန်သည်။

Yangon Federal School
Yangon Federal School

ကြားကာလပညာရေးကို အရှိန်မြှင့်လုပ်ဆောင်ရန် ရန်ကုန်တိုင်းရှိပညာရေးဘုတ်အဖွဲ့များစု ပေါင်းပြီး Yangon Federal Schoolကိုစတင်တင်ထောင်လိုက်ပြီဖြစ်ကြောင်းYFS က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းရှိ စစ်ကျွန်ပညာရေးကို သပိတ် မှောက်တော်လှန်နေသော ကျောင်းသားကျောင်းသူများအတွက် ပညာသင်ယူနိုင်မှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်စေရန်၊ ကြားကာလ ပညာရေးကို အရှိန်တိုးမြှင့်လုပ် ဆောင်နိုင်ရန် မြို့နယ်ပညာရေးဘုတ်အဖွဲ့များစုပေါင်း၍ကျောင်းဖြစ်မြောက်ရေးကော်မတီကို ယခုနှစ်(၂၀၂၂) မေ ၂၇ တွင် ဖွဲ့စည်းခဲ့သည်ဟု ဖော်ပြသည်။

“စစ်ကောင်စီ၏ စစ်ကျွန်ပညာရေး သပိတ် မှောက်ခြင်းသည် ပညာသင်ယူမှုများကိုရပ်တန့်ပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကလေးများ ၏ ပညာရေးဟူသည် ရပ်တန့်ကောင်းသည့်အရာလည်း မဟုတ်ပေ။ ထို့ကြောင့် ကလေးများ၏ပညာရေး စဉ်ဆက်မပြတ်စေရန်အတွက် ကြားကာလပညာရေးကို မြို့နယ်ပညာရေးဘုတ်အဖွဲ့များက အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည်”ဟု RFS က အသိပေးသည်။

ကော်မတီသည်ခရိုင်အလိုက်ကိုယ်စားလှယ်များဖြင့် ကျောင်းတာဝန်ခံနှင့် ကျောင်း၏ Board of Director အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး တာဝန်ခံနှင့် Board of Director အဖွဲ့သည် Yangon Federal School ၏ စီမံခန့်ခွဲမှုများကို စနစ်တကျ စီမံဆောင်ရွက်သွားမည်ဟု ထုတ် ပြန်သည်။

Public Service Announcement

Public Service Announcement

YFS သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြားကာလပညာရေးအစီအမံများဖြင့် ပြည်သူ့ပညာရေးယန္တရားကိုအကောင် အထည်ဖော်သွားမည်ဖြစ်ကာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH) ၊ ရန်ကုန်တိုင်းရှိ ပညာရေးအစုအဖွဲ့များ ၊ ကျောင်းသားသမဂ္ဂများ ၊ တော်လှန်အစုအဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဆောင်းပါး

ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။

အတွေးအမြင်

ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

သတင်း

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။