စစ်ကိုင်းတိုင်းအတွင်း နယ်မြေမတည်ငြိမ်မှုများ ရှိနေသော်လည်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားအများအပြားဖြင့် ယနေ့ (ဇွန်လ ၁) နံနက်ပိုင်း၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းတွင်”ဆက်သွယ်ရေးသာဖြတ်လို့ရမယ် တော်လှန်စိတ်ကို ဖြတ်လို့မရဘူး” စာတန်း ကိုင်ဆောင်ပြီးဖက်ဆစ်စစ်တပ် အလိုမရှိကြောင်း၊ “လူထုအားဖြင့် အောင်ပွဲဆီ ချီတက်ကြ”စသည့် ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် အကြမ်းဖက် စစ်အာဏာရှင်ကို နေ့စဥ်ဆန္ဒပြနေပြီး ယနေ့ ရက်ပေါင်း (၄၄၇)မြောက်အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

















































