Connect with us

Hi, what are you looking for?

သတင်း

စစ်ယာဉ်တန်းကို ထီးလင်းPDF ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိနိုင်

စစ်ကောင်စီတပ်များသည် ယနေ့တွင် စစ်းဇယ်ရွာနှင့်ရေပုတ်ရွာများကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထီးလင်းPDF
ထီးလင်းPDF

အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု ထီးလင်း PDFက ပြောသည်။

ဇွန်လ ၂ရက်တွင် ကျောမြို့အခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံမှထွက်လာသည့် စစ်ယာဉ်တန်းကို ထီးလင်း PDFက ချိုခိုပြောက်ကျားနည်းဖြင့် ၁၅မိနစ်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာလာရာ PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အကျအဆုံးသတင်း အတည်ပြု၍မရနိုင်သေးကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် ယနေ့တွင် စစ်းဇယ်ရွာနှင့်ရေပုတ်ရွာများကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထီးလင်း PDFအပါအဝင် ယောဒေသအတွင်းရှိ PDFများစုပေါင်းပြီး ယောဒေသ PDF တပ်ပေါင်းစုကို စုဖွဲ့ကာ တိုက်ပွဲ၊ စစ်ရေးအရှိန်မြှင့်တင်ရန် စီစဉ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့