Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၂)နယ်မြေ၌ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၃၀ခန့်သေ

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။

KNU
KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် မေလက တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးခဲ့ကြောင်း တပ်မဟာ(၂) တာဝန်ရှိသူက ပြောကြားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရအဖြေရှင်းရန်၊ စစ်တပ်စခန်းများ ပြန်ရုပ်သိမ်းရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီကမလိုက်နာ၍ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် KNU တောင်ငူခရိုင်အတွင်းရှိ သံတောင်မြို့နယ်အပါအဝင် နေရာအချို့၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း အဆိုပါ တပ်မဟာ(၂) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရေး စစ်ရာနှောက်ယှက်မှုလည်းရှိတယ် စကားအပြောအဆိုနဲ့ နှောက်ယှက်မှုလည်းရှိတယ် ပြီးတော့ ပြည်သူလူထုကို ဖိအားပေးပြီး နှောက်ယှက်မှုလည်းရှိတယ်။ ဆိုလိုတာက ကျွန်တော်တို့ KNU ကလုပ်နေတဲ့ လုပ်ငန်းတွေ မလုပ်ဖို့ ခြိမ်းခြောက်တာပေါ့။ နောက်ပြီး KNU ရဲ့ တာဝန်ဖြစ်နေတဲ့ အုပ်ချုပ်ရေး လုပ်ငန်း မှန်သမျှတွေကိုလည်း ကန့်ကွက်တာတို့ ပြည်သူလူထုကို ဖိအားပေးပြီး ကျွန်တော်တို့ချမှတ်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှန်သမျှကိုမလုပ်ဖို့ ပြည်သူလူထုကို အသိပေးတာတော့ရှိတာပေါ့”ဟု တပ်မဟာ(၂) တာဝန်ရှိသူက ပြောသည်။

ထိုသို့ နှောက်ယှက်သည့် လုပ်ရပ်များ ရပ်တန်းက ရပ်ရန် စစ်ကောင်စီတပ်ကို KNLA တပ်မဟာ (၂)က ဇွန်လ ၂ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။