Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်စွဲထားသည့်နေရာကို PDF များတိုက်ခိုက်

ထိခိုက်ကျဆုံးများနေသည် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထိခိုက်ကျဆုံး အခြေအနေကို အမြဲသတင်းထိန်ဝှက်ထားပြီး ကျဆုံးမှုမရှိလေဟန် တပ်တွင်း၌ ဝါဒဖြန့်လေ့ရှိကြောင်း ဖော်ပြထားသည်။

ဖောင်းပြင်မြို့နယ်
ဖောင်းပြင်မြို့နယ်

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြီး PDF တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း ဖောင်းပြင်မြိုနယ် ရွှေညောင်ပင်အုပ်စုအတွင်းရှိ ရွှေပုဂံကျောင်းတိုက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် များပြားခဲ့ကြောင်း ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အဆိုပါ ရွှေပုဂံကျောင်းတိုက်၌ စစ်ကောင်စီနှင့် ပျူစောထီး အင်အား(၁၀၀)ကျော် တပ်စွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ဇွန်လ ၄ရက် မွန်းလွဲ ၃နာရီခွဲတွင် အင်အား ၈၀ ခန့်ရှိ ဖောင်းပြင် PDFနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကူမလာနိုင်စေရေး ဖောင်းပြင်မြို့မရဲစခန်းကိုပါ ပစ်ခတ်ခဲ့သော်လည်း ဖောင်းပြင်အခြေစိုက် ခြေမြန်တပ်ရင်းများမှ စစ်ကူများ ငှက်ပျောတော ရွာဘက်မှ ဝင်ရောက်တိုက်ခိုက်လာ၍ ရန်သူအင်အား ပိုများလာခဲ့ကြောင်း၊ ထို့ကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“PDF နဲ့ ပကဖ တွေဘက်က(၁)ယောက်ကျဆုံးပြီး(၂)ယောက်မစိုးရိမ်ရဒဏ်ရာရပါတယ်။ စကစ နဲ့ ပျူဗာလတို့တွေဘက်က (၃၀)ကျော်ကျဆုံးပြီးအများအပြား ဒဏ်ရာရပါတယ်။ ဒီမနက်စစ်သား ၁၅ ယောက် ကား၂ စီးနဲ့လာပြီးအလောင်းကောက်သွားတယ်။ ဘယ်မှာမြေမြှုပ်မယ်မသိရပါ” ဟု ဖောင်းပြင် PDFက ထုတ်ပြန် သည်။

ထိခိုက်ကျဆုံးများနေသည် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထိခိုက်ကျဆုံး အခြေအနေကို အမြဲသတင်းထိန်ဝှက်ထားပြီး ကျဆုံးမှုမရှိလေဟန် တပ်တွင်း၌ ဝါဒဖြန့်လေ့ရှိကြောင်း ဖော်ပြထားသည်။

မေလ ၂၆ရက်ကလည်း ဖောင်းပြင် PDF စခန်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းစဉ် တိုက်မိုင်းထိပြီး စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးခဲ့သည်ကို ၎င်းတို့ဘက်မှ သတင်းထွက်လာ၍ သိရကြောင်း၊ ဧပြီ ၂၇ရက် မြင်သာအရှေ့ရေတွင်းကုန်းပွိုင့် တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်မှ အရာရှိသေဆုံးခဲ့သည်ကို ၎င်းတို့ဘက်မှ သတင်းထွက်လာ၍ သိရကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။