Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗျူဟာမြောက်တိုက်စစ်များ ဖော်ဆောင်လာနိုင်တော့မည်ဟု KNUတပ်မဟာ(၁) မိတ်ဖက်ကြီးကြပ်ကွပ်ကဲမှုကော်မတီ အသိပေး

တော်လှန်လူထုအနေဖြင့် မိတ်ဖက်ရဲဘော်များခွန်အားဖြစ်စေမည့်စကားသော်လည်းကောင်း၊ အရေးကြီးသတင်းအချက်အလက်များအားသော်လည်းကောင်း(ဥမမာ-စစ်အုပ်စုနှင့်ဒေါက်တိုင်များ၏ လူပ်ရှားသွားလာမှု ကြိုတင်သိရှိရေး)၊လက်နက်၊ခဲယမ်းစသည်များအားလည်းကောင်း ကော်မတီသို့ဆက်သွယ်ထောက်ကူနိုင်ကြောင်းကော်မတီက အသိပေးနှိုးဆော်ထားသည်။

(KNU တပ်မဟာ (၁) မိတ်ဖက်ကြီးကြပ်​ကွပ်ကဲရေး​ကော်မတီ၏ မျက်နှာစုံညီ အစည်းအ​ဝေးပြုလုပ်​နေမှု)
(KNU တပ်မဟာ (၁) မိတ်ဖက်ကြီးကြပ်​ကွပ်ကဲရေး​ကော်မတီ၏ မျက်နှာစုံညီ အစည်းအ​ဝေးပြုလုပ်​နေမှု)

▪️စိတ်ခွန်အားပေးခြင်း၊ သတင်းအချက်အလက်ပေးခြင်းနှင့် လက်နက်/ရိက္ခာထောက်ပံ့ခြင်း ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်

မကြာတော့သည့်အချိန်တွင် “ဗျူဟာမြောက်တိုက်စစ်” များ ဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) ဦးဆောင်သည့် မိတ်ဖက်ကြီးကြပ်ကွပ်ကဲရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

“ဟုတ်ပါတယ် ။ ကျွန်တော်တို့ ကြေညာချက်တစ်ခုထွက်ထားပါတယ်”ဟု မိတ်ဖက်ကြီးကြပ်ကွပ်ကဲရေး ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သထုံခရိုင် တော်လှန်လူထုသို့ပေးစာကို ယနေ့ ထုတ်ပြန်ခဲ့ရာ ကော်မတီအနေဖြင့်တော်လှန်ရေးလုပ်ငန်းစဉ်များအား သိုသိပ်စွာဆောင်ရွက်ခဲ့ကြောင်း၊ ယခု အခါ “ဗျူဟာမြောက်ခုခံစစ်”အဆင့်အား လွန်မြောက်၍ စခန်းသိမ်း တိုက်ပွဲနှင့် နယ်မြေစိုးမိုးရေးတိုက်ပွဲများဆင်နွဲလာန် နိုင်သည့် “ဗျူဟာမြောက်မျှခြေ”အဆင့်သို့ တက်လှမ်းလာနိုင်ပြီဖြစ်ပြီးဖြစ်၍ မကြာတော့သည့်အချိန်တွင် “ဗျူဟာမြောက်တိုက်စစ်”များဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်လူထုအနေဖြင့် မိတ်ဖက်ရဲဘော်များခွန်အားဖြစ်စေမည့်စကားသော်လည်းကောင်း၊ အရေးကြီးသတင်းအချက်အလက်များအားသော်လည်းကောင်း(ဥမမာ-စစ်အုပ်စုနှင့်ဒေါက်တိုင်များ၏ လူပ်ရှားသွားလာမှု ကြိုတင်သိရှိရေး)၊လက်နက်၊ခဲယမ်းစသည်များအားလည်းကောင်း ကော်မတီသို့ဆက်သွယ်ထောက်ကူနိုင်ကြောင်းကော်မတီက အသိပေးနှိုးဆော်ထားသည်။

ယခု မိတ်ဖက်ကော်မတီကို ၂၀၂၁ နိုဝင်ဘာက ဖွဲ့စည်းထားခြင်းဖြစ်ပြီး KNU/KNLA မှ မြို့နယ်ဥက္ကဌများ နှင့်တပ်မှုးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)/အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ကိုယ်စားလှယ်များ ကျန်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များပါဝင်ပြီး ဆုံးဖြတ်ချက်များအားစုပေါင်းချမှတ်၍ စုပေါင်းတာဝန်ခံသည့်စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)၊ KNU သထုံခရိုင်၏နယ်မြေမှာစစ်တောင်းတံတားမှ သံလွင်တံတား(မော်လမြိုင်)နှင့်သံလွင်တံတား(ဘားအံ)အကြားရှိ နယ်မြေဒေသဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။