Connect with us

Hi, what are you looking for?

သတင်း

ဗျူဟာမြောက်တိုက်စစ်များ ဖော်ဆောင်လာနိုင်တော့မည်ဟု KNUတပ်မဟာ(၁) မိတ်ဖက်ကြီးကြပ်ကွပ်ကဲမှုကော်မတီ အသိပေး

တော်လှန်လူထုအနေဖြင့် မိတ်ဖက်ရဲဘော်များခွန်အားဖြစ်စေမည့်စကားသော်လည်းကောင်း၊ အရေးကြီးသတင်းအချက်အလက်များအားသော်လည်းကောင်း(ဥမမာ-စစ်အုပ်စုနှင့်ဒေါက်တိုင်များ၏ လူပ်ရှားသွားလာမှု ကြိုတင်သိရှိရေး)၊လက်နက်၊ခဲယမ်းစသည်များအားလည်းကောင်း ကော်မတီသို့ဆက်သွယ်ထောက်ကူနိုင်ကြောင်းကော်မတီက အသိပေးနှိုးဆော်ထားသည်။

(KNU တပ်မဟာ (၁) မိတ်ဖက်ကြီးကြပ်​ကွပ်ကဲရေး​ကော်မတီ၏ မျက်နှာစုံညီ အစည်းအ​ဝေးပြုလုပ်​နေမှု)
(KNU တပ်မဟာ (၁) မိတ်ဖက်ကြီးကြပ်​ကွပ်ကဲရေး​ကော်မတီ၏ မျက်နှာစုံညီ အစည်းအ​ဝေးပြုလုပ်​နေမှု)

▪️စိတ်ခွန်အားပေးခြင်း၊ သတင်းအချက်အလက်ပေးခြင်းနှင့် လက်နက်/ရိက္ခာထောက်ပံ့ခြင်း ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်

မကြာတော့သည့်အချိန်တွင် “ဗျူဟာမြောက်တိုက်စစ်” များ ဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) ဦးဆောင်သည့် မိတ်ဖက်ကြီးကြပ်ကွပ်ကဲရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

“ဟုတ်ပါတယ် ။ ကျွန်တော်တို့ ကြေညာချက်တစ်ခုထွက်ထားပါတယ်”ဟု မိတ်ဖက်ကြီးကြပ်ကွပ်ကဲရေး ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သထုံခရိုင် တော်လှန်လူထုသို့ပေးစာကို ယနေ့ ထုတ်ပြန်ခဲ့ရာ ကော်မတီအနေဖြင့်တော်လှန်ရေးလုပ်ငန်းစဉ်များအား သိုသိပ်စွာဆောင်ရွက်ခဲ့ကြောင်း၊ ယခု အခါ “ဗျူဟာမြောက်ခုခံစစ်”အဆင့်အား လွန်မြောက်၍ စခန်းသိမ်း တိုက်ပွဲနှင့် နယ်မြေစိုးမိုးရေးတိုက်ပွဲများဆင်နွဲလာန် နိုင်သည့် “ဗျူဟာမြောက်မျှခြေ”အဆင့်သို့ တက်လှမ်းလာနိုင်ပြီဖြစ်ပြီးဖြစ်၍ မကြာတော့သည့်အချိန်တွင် “ဗျူဟာမြောက်တိုက်စစ်”များဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်လူထုအနေဖြင့် မိတ်ဖက်ရဲဘော်များခွန်အားဖြစ်စေမည့်စကားသော်လည်းကောင်း၊ အရေးကြီးသတင်းအချက်အလက်များအားသော်လည်းကောင်း(ဥမမာ-စစ်အုပ်စုနှင့်ဒေါက်တိုင်များ၏ လူပ်ရှားသွားလာမှု ကြိုတင်သိရှိရေး)၊လက်နက်၊ခဲယမ်းစသည်များအားလည်းကောင်း ကော်မတီသို့ဆက်သွယ်ထောက်ကူနိုင်ကြောင်းကော်မတီက အသိပေးနှိုးဆော်ထားသည်။

ယခု မိတ်ဖက်ကော်မတီကို ၂၀၂၁ နိုဝင်ဘာက ဖွဲ့စည်းထားခြင်းဖြစ်ပြီး KNU/KNLA မှ မြို့နယ်ဥက္ကဌများ နှင့်တပ်မှုးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)/အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ကိုယ်စားလှယ်များ ကျန်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များပါဝင်ပြီး ဆုံးဖြတ်ချက်များအားစုပေါင်းချမှတ်၍ စုပေါင်းတာဝန်ခံသည့်စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)၊ KNU သထုံခရိုင်၏နယ်မြေမှာစစ်တောင်းတံတားမှ သံလွင်တံတား(မော်လမြိုင်)နှင့်သံလွင်တံတား(ဘားအံ)အကြားရှိ နယ်မြေဒေသဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။