Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာနယ်​မြေ(၁)နယ်​မြေတွင် တိုက်ပွဲပြင်းထန်​နေ၊ စစ်​ကောင်စီတပ် ထိခိုက်မှုရှိ​နေဟု ကျိုက်ထိုခရိုင်တပ်ရင်း – ၃ ထုတ်ပြန်

တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

တပ်မဟာနယ်​မြေ(၁)တိုက်ပွဲ
တပ်မဟာနယ်​မြေ(၁)တိုက်ပွဲ

KNU သထုံခရိုင်တပ်မဟာ(၁)၊ သထုံမြို့နယ် KNLA တပ်ရင်း(၂)နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၁၇ဦးခန့်ရှိကြောင်း ကျိုက်ထိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း – ၃က ထုတ်ပြန်သည်။

“အခုထိလည်း တိုက်ပွဲက မငြိမ်သေးဘူး။ ရန်သူ့ဘက်က တိုးလာလို့ ကြားဖြတ်တိုက်နေတာ”ဟု ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ၍လည်း တိုက်ပွဲအနီးရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲနေပြီး ပြည်သူများထိခိုက်မှုကို မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းပိုင်းကစ၍ KNU တပ်မဟာ(၁)နယ်မြေအတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။