Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် NUG ပညာရေးဝန်ကြီးဌာန၏ မိုးရာသီ အားကစားပြိုင်ပွဲကျင်းပ

အားကစားပြိုင်ပွဲကို NUG ကြားကာလ ပညာရေးစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - ကိုသက်ဦး / facebook
ဓာတ်ပုံ - ကိုသက်ဦး / facebook

▪️ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက်အားပေး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ မိုးရာသီ အားကစားပြိုင်ပွဲကို ယနေ့ (ဇွန်လ ၁၄) ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲကို NUG ကြားကာလ ပညာရေးစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။

“ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ခြင်းရဲ့ ရောင်နီနဲ့အတူ မျိုးဆက်သစ်လေးများရဲ့ အနာဂတ်၊ တော်လှန်ခြင်းရဲ့ အသီးအပွင့် တွေကိုမြင်ရတာ ကျေနပ်ပီတိ ဖြစ်မိပါတယ်။ လွတ်မြောက်ခြင်းရဲ့အစကနေ အလုံးစုံ လွတ် မြောက်ခြင်းအတွက် နိုင်ရာကနေ တော်လှန်ကြဦးစို့ ” ဟု ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တစ်ဦးက ယင်းအားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook