Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင်ဒဏ်ရာရစစ်ကောင်စီတပ်သားများကိုသယ်လာသောစစ်ကားတစ်စီးအားမြို့ပြ​ပြောက်ကျားအဖွဲ့ကမိုင်းဆွဲ

ဒဏ်ရာရစစ်သားများမှာစစ်ကိုင်းတိုင်းကသာဘက်တွင် ဒဏ်ရာရသူများကို ပြင်ဦးလွင်သို့ပို့ရန် ​ရေ​ကြောင်းမှသယ်လာခြင်းဖြစ်​ကြောင်းသိရသည်။

Generation Z Power
Generation Z Power

မန္တလေးမြို့ တိုက်ပွဲပြန် ဒဏ်ရာရစစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် စစ်ကားတစ်စီးကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇွန် ၁၄)ထုတ်ပြန်သည်။

ယနေ့ညနေ ၅ နာရီခန့်က မဟာအောင်မြေမြို့ နယ်၊ ၃၅ လမ်း၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြား ရေကြောင်းရုံးအနီးတွင် တိုက်ပွဲများတွင် ဒဏ် ရာရစစ်သားများအား ဆေးကုရန်တင်ဆောင်လာသော စစ်ကားအကြီးတစ်စီးကို ပဒေသာမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကားမှာ တစ်စီးလုံးပျက်စီးသွားပြီး ကားပေါ်တွင်ပါလာသော စစ်သားများလည်း အများအပြားထိခိုက်နိုင်ကြောင်း ထုတ်ပြန်သည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီတွင် အခင်းဖြစ်ရပ်သို့ စစ်ကောင်စီတပ်များရောက်ရှိလာကာ အနီးဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အခင်းဖြစ်ရပ်အနီးနေထိုင်သော လူ ငယ်အချို့ကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သည်ဟု ၎င်းဒေသခံများက ပြောသည်။

ဒဏ်ရာရစစ်သားများမှာစစ်ကိုင်းတိုင်းကသာဘက်တွင် ဒဏ်ရာရသူများကို ပြင်ဦးလွင်သို့ပို့ရန် ​ရေ​ကြောင်းမှသယ်လာခြင်းဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။