Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကလေး၊ ပုလဲ၊ ကနီနှင့် ခင်ဦး မြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့ (ဇွန်လ ၁၉)ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်-ဆားလင်းကြီး မြောက်ခြမ်း၊ ပုလဲ၊ ကနီ၊ ကလေးနှင့် ခင်ဦးမြို့နယ်တို့တွင် ​ဒေသခံပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် ခင်ဦးမြို့နယ်ရှိ သပိတ်ကော်မတီဝင် ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘုရားသို့ သွားရောက်၍ မွေးနေ့ရှင် အမေစုသက်ရှည်ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းမေတ္တာပို့သခြင်း ပြုလုပ်ခဲ့ကြသည်။

ညနေပိုင်း၌ ယင်းမာပင်-ဆားလင်းကြီး မြောက်ခြမ်း၊ ပုလဲ၊ ကလေးမြို့နယ်တို့တွင် တော်လှန်ပြည်သူများ စုပေါင်း၍ “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် စာသားနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံတို့ကို ကိုင်ဆောင်ပြီး စစ်ကောင် စီ၏ မတရားဖမ်းဆီးခံထားရသူများ၊ ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။