Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကလေး၊ ပုလဲ၊ ကနီနှင့် ခင်ဦး မြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့ (ဇွန်လ ၁၉)ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်-ဆားလင်းကြီး မြောက်ခြမ်း၊ ပုလဲ၊ ကနီ၊ ကလေးနှင့် ခင်ဦးမြို့နယ်တို့တွင် ​ဒေသခံပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် ခင်ဦးမြို့နယ်ရှိ သပိတ်ကော်မတီဝင် ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘုရားသို့ သွားရောက်၍ မွေးနေ့ရှင် အမေစုသက်ရှည်ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းမေတ္တာပို့သခြင်း ပြုလုပ်ခဲ့ကြသည်။

ညနေပိုင်း၌ ယင်းမာပင်-ဆားလင်းကြီး မြောက်ခြမ်း၊ ပုလဲ၊ ကလေးမြို့နယ်တို့တွင် တော်လှန်ပြည်သူများ စုပေါင်း၍ “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် စာသားနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံတို့ကို ကိုင်ဆောင်ပြီး စစ်ကောင် စီ၏ မတရားဖမ်းဆီးခံထားရသူများ၊ ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ချီတက်ဆန္ဒပြ

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

Facebook