Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KNLA/PDF ပူးပေါင်းတပ်က ပဒေသာမိုင်းဖြင့် တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၈ဦးသေဟုဆို

KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Taw Oo Karen News
ဓာတ်ပုံ - Taw Oo Karen News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(PDF)က မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ဇွန်လ ၂၀ရက် နေ့လည်ပိုင်းက အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ကို ထန်းတပင်မြို့နယ် ရှားစေးဘိုရွာနှင့် တောင်ကြီးရွာကြား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“တောင်ကြီးရွာဘက်က ဆင်းလာတဲ့ စစ်ကောင်စီကို မိုင်းဖြတ်ဆွဲတာ ၁၂ယောက်ထိတယ် ၈ယောက်သေးသွားတယ်။ ပြီးတော့ ဒီကောင်တွေ ခလရ(၇၃) စခန်းထဲကို ပြန်ဆုတ်သွားတယ်။ဖြစ်တာက ရှားစေးဘိုနဲ့ တောင်ကြီးကြားထဲမှာ” ဟု အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က မိနစ်အနည်းငယ်ကြာ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ဘက်က လက်နက်ကြီး မော်တာတွေနဲ့ ပစ်တာရှိတယ် စက်သေနတ်နဲ့ပစ်တာရှိတယ်။ သူတို့ ပြန်ပစ်တာတော့ ၁၀မိနစ်လောက်ပဲကြာတယ်။ အဲဒါပစ်ပြီး သူတို့လူတွေ ပြန်သယ်ပြီး ဇရပ်ကြီးဆေးရုံ ပို့တာ။ အဲဒါ သေဆုံးသွားတာ ၈ယောက်လို့ သတင်းရတယ်” ဟု အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်က ပြောသည်။

KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၂)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်လာ၍ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။