Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဒေသကာကွယ်ရေးတပ် ဝင်ရောက်ဖမ်းဆီး

သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဓာတ်ပုံ - ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဓာတ်ပုံ - ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနှင့် မင်းဒပ်ကျေးရွာကြား၌ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂၃ ရက်) ညနေ ၃နာရီခန့်တွင် အဆိုပါမူးယစ်ဂိုဏ်းအားဝင်ရောက်စီးနင်းရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊အိုက်စ် ၁၆တောင့် ၊ အထုပ် ၃ထုပ်အပါအဝင် ဟန်းဖုန်း ခုနစ်လုံး၊ ပုဆိန် နှစ်လက် ပူးတွဲပုံပါ ပစ္စည်းများအပါအဝင် ငွေသား ၉၅၂,၉၀၀ကျပ်(ကိုးသိန်းငါးသောင်းနှစ်ထောင့်ကိုးရာကျပ်)ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

သိမ်းဆည်းရမိသော WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀နှင့် အိုက်စ် ၁၆တောင့် အထုပ်သုံးထုပ်ကို ပြည်သူ့ရဲဘော်များက မီးရှို့ဖျက်ဆီးခဲ့သည်။

သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook