Connect with us

Hi, what are you looking for?

သတင်း

●စစ်​ကောင်စီတပ်က​မေလတစ်လတည်း​နေအိမ်​ပေါင်း ၇၁၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

အထူးသဖြင့်ခုခံတွန်းလှန်စစ်အား​ကောင်းတဲ့​ဒေသ​တွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီး​​​နေတာဖြစ်ပြီး စစ်ကိုင်းတိုင်က​နေအိမ်အ​ဆောက်အအုံး​ပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံပါ။

နေအိမ်​ပေါင်း ၇၁၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့
နေအိမ်​ပေါင်း ၇၁၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

စစ်ကာင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုမီးရှို့ဖျက်ဆီးတာ ၂၀၂၂ ​မေလ၃၁ ရက်အထိ့ ၁၈,၈၈၆လုံးရှိ​နေပြီလို့ မီးရှို့ခံရတဲ့ ပြည်သူ့​နေအိမ်အချက်အလက်​တွေကို စုစည်း​ဖော်ပြ​ပေး​နေတဲ့ Data For Myanmar ကထုတ်ပြန်ပါတယ်။ နိုင်ငံတစ်ဝန်းရှိ​နေရာ​ပေါင်း ၄၃၅ ​နေရာက ​ဘာသာ​ရေးအ​ဆောက်အအုံ​တွေအပါအတင်နေအိမ်၊အ​ဆောက်အ​အုံ​ပေါင်း ၁၈,၈၈၆ လုံးကိုမီးတိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်​ရေးခက်ခဲတာ၊​မြေပြင်အချက်အလက်​​တွေရဖို့ခက်ခဲတာ​ကြောင့်အမှန်တစ်ကယ် မီးရှို့ခံရတဲ့အ​ခြေအ​နေက အခုထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ်။

အထူးသဖြင့်ခုခံတွန်းလှန်စစ်အား​ကောင်းတဲ့​ဒေသ​တွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီး​​​နေတာဖြစ်ပြီး စစ်ကိုင်းတိုင်က​နေအိမ်အ​ဆောက်အအုံး​ပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံပါ။

မ​ကွေးတိုင်းက ၃၁၅၅ လုံးမီးရှို့ဖျက်ဆီးခံရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က ၂၀၂၁​မေလကစပြီးပြည်သူလူထုရဲ့​နေအိမ်​တွေကိုမီးစတင်ရှို့လာပြီး အခုဆိုရင် မီးဆက်တိုက်ရှို့​နေတာ ၁၃လ ရှိပါပြီ။ဒါအပြင်စစ်တပ်က ဧပြီ ၊​မေ လ​တွေမှာ မီးရှို့ဖျက်ဆီးမှုပိုလုပ်လာခဲ့ပြီး​တော့ ဧပြီတစ်လတည်း ၃၈၃၇ လုံးမီးတိုက်ခဲ့ပါတယ်။ ​မေလက​တော့ အဆိုးဝါးဆုံးပါ တစ်လတည်း ​နေအိမ်အ​​ဆောက်အအုံ​ပေါင်း ၇၁၄၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး​တော့ စစ်ကိုင်းတိုင်တစ်ခုတည်း ၆၀၁၄ လုံးအထိ့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။