Connect with us

Hi, what are you looking for?

သတင်း

ကျေးရွာ ၃၀ နီးပါးက စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် အကူညီတွေ လိုနေ

စစ်ဘေးရှောင်တွေအတွက် ယုံကြည်စွာကူညီပေးလျက်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း၊ ထပ်မံလိုအပ်လျက်ရှိတဲ့ အကူအညီတွေကိုလည်း ပေးအပ်နိုင်ပါတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ဘေးရှောင်
စစ်ဘေးရှောင်

ကေအဲန်ယူ-ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့က ဇွန် ၃၀ ရက်မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ (၂၅)ရက်ကစပြီး ကေအဲန်ယူ-လယ်ဒိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ချက်ရှိရှိပစ်ခတ်ခဲ့လို့ ကျေးရွာ(၂၈)ရွာက ဒေသခံပြည်သူ(၁၆၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

စစ်ဘေးရှောင်
စစ်ဘေးရှောင်

လက်ရှိအခြေအနေတွေအရ စစ်ရှောင်ပြည်သူတွေ များပြားလာတဲ့အပြင် စစ်ကောင်စီတပ်က နေ့စဉ်တပ်အင်အားတွေတိုးချဲ့လာပြီး တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိကာ တိုက်ပွဲအခြေအနေတွေကြောင့် ရွာလုံးကျွတ်တိမ်းရှောင်မှုတွေ အများအပြားရှိနေတဲ့အပြင် ပြောင်းရွှေ့ခြင်းမပြုရသေးတဲ့ ကျေးရွာနေပြည်သူလူတွေအနေနဲ့ကလည်း စိုးရိမ်ပူပန်မှုမြင့်တက်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်နေပြီး မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာအခက်အခဲတွေ၊ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေ၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးအတွက် အခက်အခဲတွေ၊ အစားအစာလိုအပ်ချက်တွေ ရှိနေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်
စစ်ဘေးရှောင်

လတ်တလောမှာ စစ်ရှောင်ပြည်သူတွေရဲ့လိုအပ်လျက်ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှုအခြေအနေတွေကို ကျောက်ကြီးမြို့နယ် ဒေသခံကရင်လူမှုရေးရာအဖွဲ့နဲ့ ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့တွေက သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ဘေးရှောင်တွေအတွက် ယုံကြည်စွာကူညီပေးလျက်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း၊ ထပ်မံလိုအပ်လျက်ရှိတဲ့ အကူအညီတွေကိုလည်း ပေးအပ်နိုင်ပါတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။