Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများက လှူဒါန်း​ပေး​သောအလှူ​ငွေများအား ဒီး​​မော့ဆို PDF ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်

ရရှိလာ​သော ဘဏ္ဍာ​ငွေများကို လက်နက်၊ခဲယမ်းဝယ်ယူခြင်း၊ ပြည်သူလူထုအား ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခြင်းနှင့် စားနပ်ရိက္ခာအတွက် အဓိကထားပြီးသုံးစွဲလျက်ရှိကြောင်း ဖော်ပြ သည်။

(ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်နေသည့် DMO PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO -Local PDF)
(ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်နေသည့် DMO PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO -Local PDF)

ပြည်သူများက လှူဒါန်း​ပေး​သော အလှူ​ငွေများအား ပွင့်လင်းမြင်သာမှုရှိ​စေရန် ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO -Local PDF)က ယနေ့ (ဇူလိုင် ၁ ရက်)တွင် ထုတ်ပြန်သည်။

နှစ်ပတ် ၁ ကြိမ်နှင့် တစ်လ ၂ ကြိမ် အလှူရှင်များမှ ​​​စေတနာသဒ္ဒါတရားထက်တန်စွာဖြင့်လှူဒါန်း​ပေး​သော အလှူ​ငွေများအား ပွင့်လင်းမြင်သာမှုရှိ​စေရန်အတွက် တပ်ရင်းတပ်ဖွဲ့များ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

(ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်နေသည့် DMO PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO -Local PDF)
(ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်နေသည့် DMO PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – DMO -Local PDF)

ရရှိလာ​သော ဘဏ္ဍာ​ငွေများကို လက်နက်၊ခဲယမ်းဝယ်ယူခြင်း၊ ပြည်သူလူထုအား ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခြင်းနှင့် စားနပ်ရိက္ခာအတွက် အဓိကထားပြီးသုံးစွဲလျက်ရှိကြောင်း ဖော်ပြ သည်။

“ကျွန်တော်တို့ DMO PDF အနေနဲ့ တပ်ရင်းအလိုက် ဘယ်ကဏ္ဍမှာ ဘယ်လို သုံးစွဲနေတယ်။ ပြီးတော့ ဘယ်လောက်ရှိလဲဆိုတာ ပွင်းလင်းမြင်သာစွာနဲ့ အရင်ကတည်းက ဆောင်ရွက်နေတာ။ဒါပေမယ့် အခုကတော့ ပြည်သူလူထုကို ထပ်ပြီး ချပြတာပါ”ဟု အဆိုပါတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက People’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

(ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်နေသည့် DMO PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO -Local PDF)
(ဘဏ္ဍာရေးရှင်းတမ်းပြုလုပ်နေသည့် DMO PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – DMO -Local PDF)

ထို့​ကြောင့် ပြည်တွင်း၊ပြည်ပရှိ ပြည်သူလူထုများမှ လှူဒါန်း​ပေး​သော အလှူ​​ငွေများအား အ​လေအလွင့်မရှိ​​စေ​ရေး စိစစ်​ဆောင်ရွက်လျက်ရှိ​သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။