Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ် ငွေတွင်းရွာရှိ အကြမ်းဖက်စစ်အုပ်စုအား အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု တိုက်ခိုက်

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။

အရာတော်မြို့နယ် ငွေတွင်းရွာ
အရာတော်မြို့နယ် ငွေတွင်းရွာ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား သွားရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုမှ နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု အင်အားသုံးပုံတစ်ပုံခန့်သည် ဇူလိုင် ၂ရက် နံနက် ၅ နာရီခန့်က မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ အရာတော်မြို့နယ် ငွေတွင်းကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ရွာခံပျူစောထီးများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်စစ်အုပ်စုမှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီးရှိနိုင်မည့် နေရာကိုသာ ဦးစားပေး ပစ်ခတ်ခဲ့ကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် တိုက်ခိုက်ရေးဒရုန်းတစ်စင်း၊ ကင်းထောက်ဒရုန်းတစ်စင်း အပါအဝင်
အထိုင်ချထားသော လက်နက်ကြီးများနှင့် မိုင်းအချိူ့ ဆုံးရှုံးခဲ့ရသည်ဟု မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တာဝန်ရှိသူက “ငွေတွင်းကျေးရွာမှာက သူတို့နဲ့အမြင်မတူတဲ့သူတွေရွာထဲမနေရဘူးအကုန်ပြေးနေကြရတာပါ။ ငွေတွင်းကျေးရွာတင်မဟုတ်အနီးအနားမှာရှိတဲ့ရွာတွေကိုပါ ဆက်ကြေးကောက်ဓါးပြတိုက်နေကြတာပါ။”ဟု ပြောသည်။

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။