Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းသားများလုံခြုံရေးချိုးဖောက်ခံရမှုအပေါ် K4U မှ တာဝန်ယူဖြေရှင်းပေးရန်အပါအဝင်အချက်(၄)ချက်အား အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးတောင်းဆို

ကျောင်းသားများလုံခြုံရေးချိုးဖောက်ခံရသည့်အပေါ် Kaung Fou You(K4U)မှ တာဝန်ယူဖြေရှင်းပေးရေးအပါအဝင် အချက် (၄)ချက်အားအခြေခံပညာကျောင်းသားလူငယ်များအစည်း အရုံး(အ.က.လ ဗဟို)က ယနေ့(ဇူလိုင် ၄)တွင် တောင်းဆိုလိုက်သည်။

​ကျောင်းသားမိဘအချို့ထံ SMSဖြင့်ပို့​သောခြိမ်း​ခြောက်စာ
​ကျောင်းသားမိဘအချို့ထံ SMSဖြင့်ပို့​သောခြိမ်း​ခြောက်စာ

●K4U​ကျောင်းက​ကျောင်းသားများထံSMS ဖြင့် ဆက်သွယ်ခြင်း၊ခြိမ်း​ခြောက်​ငွေ​တောင်းခြင်းလုံးဝမရှိဟုရှင်းလင်း

▪︎အကလဗဟိုထုတ်ပြန်ချက်

Kaung For You – Education သည် နွေဦးတော် လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ကြား ကာလအခြေပြု ပညာသင်ကြားရေးကျောင်းတစ်ကျောင်းဖြစ်သော်လည်း ယခုအခါ ကျောင်းသားအချို့၏ အချက်အလက်များ ကျိုးပေါက်လျှက်ရှိခြင်းကို သက်သေများနှင့်တကွ တွေ့ရှိရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ထောက်ပြသည်။

ထို့ကြောင့် ယခုဖြစ်စဥ်အပေါ် K4U မှ တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရန်၊ လုံခြုံရေးကျိုးပေါက်မှုနောက်ကွယ်မှ တရားခံများအား ဖော်ထုတ်အရေးယူပေးရန်၊ K4U ၏ Data Policy နှင့် လုံခြုံရေးအချက်အလက်များအား လူထုထံချပြရန်နှင့် K4Uတွင်တက်ရောက်နေသော ကျောင်းသားများ၏ လွတ်လပ်ခွင့်အား တစ်စုံတစ်ရာချုပ်ကိုင်ခွင့်မပြုရန် စသည့်အချက် (၄)ချက်ကို အ.က.လ ဗဟိုမှ တောင်းဆိုထားခြင်း ဖြစ်သည်။

“Kaung For You-Education အနေနဲ့ ဒီကိစ္စတွေကို လူထုကျေနပ်လောက်အောင် မဖြေရှင်းပေးဘူးဆိုရင်တော့ အကျိုးဆက်က အများကြီး ကြီးသွားနိုင်တယ်။ ဘာလို့လည်းဆိုတော့ တစ်ဖက်မှာ ကြားကာလပညာရေးကျောင်းတွေ အားကောင်းနေတဲ့အချိန်မှာ ဒီလိုမျိုး ကျောင်းတစ်ကျောင်းက ထ ဖောက်လိုက်တဲ့အတွက် ဖက်ဒရယ်ကျောင်းတွေကိုအပ်တာနည်းပြီး စစ်ကောင်စီကျောင်းတက်တဲ့သူတွေများလာမယ်၊ CDM ကျောင်းသားထုလျော့နည်းလာတာမျိုးတွေ ဖြစ်နိုင်တယ်”ဟု အ.က.လ ဗဟိုဥက္ကဋ္ဌ ကိုလူမော်ဟိဏ်းက မှတ်ချက်ပေးသည်။

မိဘဆရာတွေ့ဆုံပွဲတစ်ခုတွင်လည်း K4U ကျောင်းတာဝန်ရှိသူက “လုံခြုံရေးကျိုးပေါက်သည့် ကျောင်းသားက ရာဂဏန်းပဲရှိသည်”ဟု သုံးနှုန်းပြောဆိုခဲ့ရာ ထိုပြောဆိုမှုသည်လုံခြုံရေးချိုးဖောက်ခံရသောကျောင်းသားများအားမလေးစားရာရောက်ကြောင်း အ.က.လ ဗဟို၏ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

Public Service Announcement

Public Service Announcement

▪︎​K4U ​ကျောင်း၏ရှင်းလင်းထုတ်ပြန်ချက်

အထက်ပါ ကျောင်းသားများလုံခြုံရေးချိုးဖောက်ခံရသည်ဆိုသောဖြစ်စဥ်နှင့်စပ်လျဥ်းပြီး K4U ဘက်မှ ဇူလိုင် ၁ ရက်တွင် အသိပေးထုတ်ပြန်ချက်တစ်ခုထုန်ပြန်ရာတွင် ယခုအခါ ဖြစ်ပေါ်နေသော အခြေ အနေအရပ်ရပ်အပေါ်တွင် ကျွန်ုပ်တို့ ကျောင်းအနေနှင့် အထူးအားထုတ်စုံစမ်းမှုများ ပြုလုပ်လျက်ရှိပါသည်ဟု ဖော်ပြသည်။

“စတင်သိရသည့် လွန်ခဲ့သော ရက်သတ္တပတ်ကတည်းကဝန်ကြီးဌာနသို့လည်းတင်ပြဆွေးနွေးကာလက်ရှိအခြေအနေအထိ စုံစမ်းစိစစ်လျက်ရှိပါသည်”ဟုဆိုသည်။

ထို့အပြင် ကျောင်းအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ message ဖြင့် ဆက်သွယ်အ ကြောင်းကြားခဲ့ခြင်း၊ အလှူငွေထည့်ရန် message ပို့ခြင်းမျိုး လုံးဝမပြုလုပ်ခဲ့ပါဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

K4U ၏ ထုတ်ပြန်ချက်
K4U ၏ ထုတ်ပြန်ချက်

ယင်းသို့ဖော်ပြသည့်တိုင် မိဘပြည်သူများအနေဖြင့်စာပို့လာသောဖုန်းများကိုblockလုပ်ထားရန်နှင့်မိမိတို့လက်ရှိအသုံးပြုသောsimကိုလုံခြုံရေးအရလဲလှယ်အသုံးပြုပါရန်မေတ္တာရပ်ခံအပ်ပါသည်ဟုပန်ကြားထားသည်ကိုလည်းတွေ့ရသည်။

“စိတ်အနှောက်အယှက်ဖြစ်စေရသည့်အတွက်ကျွန်ုပ်တို့ကျောင်းအနေဖြင့် မိဘပြည်သူများကိုအနူးအညွတ်တောင်းပန်အပ်ပါသည်”ဟုလည်း K4U မှ ဖော်ပြထားသည်။

▪︎​ကျောင်းသားအချို့အချက်အလက်များ​ပေါက်ကြားမှု

အဆိုပါကျောင်းတွင် ကြားကာလပညာရေးအတွက်ကျောင်းအပ်နှံခဲ့သော ကျောင်းသားအချို့၏ အမည်၊ မိဘအမည်၊ မွေးသက္ကရာဇ်နှင့် မိဘများ၏ မှတ်ပုံတင်နံပါတ်များမှာ ဇူလိုင် ၁ ရက် မတိုင်မီကတည်းက လူ​မှုကွန်ရက်စာမျက်နှာများတွင် ပေါက်ကြားခဲ့ရာ ဝေဖန်မှုများရှိခဲ့သည်။

​ကျောင်းသားမိဘအချို့ထံ SMSဖြင့်ပို့​သောခြိမ်း​ခြောက်စာ
​ကျောင်းသားမိဘအချို့ထံ SMSဖြင့်ပို့​သောခြိမ်း​ခြောက်စာ

​ကျောင်းကထိုပြသာနာကို​သေချာမ​ဖြေရှင်း​ပေးဘဲ ဆင်းကတ်များကိုလဲပါဟု​ပြောယုံဖြင့်မလုံ​လောက်​ကြောင်း၊​ကျောင်းသားမိဘအချို့ SMS မှဆက်သွယ်လာ​သောဖုန်းနံမှတ်သို့ ​ကျောင်းသားကိုယ်​ရေးအချက်အလက်များ​ပေးထားမိ၍စိုးရိမ်​နေရပြီဖြစ်​ကြောင်မိဘအချို့က​ပြောသည်။

ကျောင်းသားမိဘအချို့ထံပထမပို့​သောSMS တစ်​စောင်
ကျောင်းသားမိဘအချို့ထံပထမပို့​သောSMS တစ်​စောင်

​ကျောင်းသားမိဘများသို့ဆက်သွယ်လာသာဖုန်းနံမှတ်များမှာတစ်ခုနှင့်တစ်ခုမတူဘဲ ၊ပထမSMS ပို့ရာတွင် ​​ကျောင်းသားမှာ K4U တွင်စာရင်းသွင်းထားပြီးဆက်သွယ်ရန် SMS ပို့သည်။ဆက်သွယ်လာပါက ​ကျောင်းလက်ခံရန်ဆိုကာ ​ကျောင်းသားအမည်၊အတန်း၊အသက်၊လိပ်စာစ​သောအချက်အလက်များ​တောင်းသည်။ထို​နောက်​ကျောင်းသို့လှူဒါန်းမည့် ၃ လစာကို ၂၄ နာရီအတွင်းလွှဲ​ပေးရန် ၊မလွှဲ​ပေးပါက ဖြည့်သွင်းထား​သောအချက်အလက်များကို အင်တာနက်​ပေါ်ချပြမည်ဟုခြိမ်း​ခြောက်ထားသည်။

▪︎အချက်အလက်​ပေါက်ကြားမှုဇာစ်မြစ်မသိရ​သေး

​K4U ​ကျောင်းက​ကျောင်းသားများကိုSMS ဖြင့်လုံးလုံးမဆက်သွယ်ဟုဆိုသဖြင့် ​ကျောင်းသားမိဘများ၏ဖုန်းနံမှတ် ကိုမည်သို့သိ့ပြီး SMS ပို့နိုင်သလဲဆိုသည်မှာ​ကျောင်းသားမိဘများကြားမ​ဟေဋိဖြစ်​နေသည်။​ကျောင်းတွင်သာအဓိကတာဝန်ရှိသည်ဟု ​ကျောင်းသားမိဘများက​​ပြော​နေကြသည်။

စစ်​ကောင်စီကအာဏာသိမ်းပြီး​နောက် ဖုန်း​အော်ပ​ရေတာများကို စစ်တပ်ကထိန်းချုပ်ထား၍ ဖုန်းဖြင့်​ပြောဆိုခြင်း၊SMS ဖြင့်​ပြောဆိုမှုတို့မှာ စစ်​ကောင်စီက​စောင့်ကြည့်လိုပါက နည်းပညာအရ ​​စောင့်ကြည့်ရ၍ အ​ရေးကြီးအချက်အလက်များကို ဖုန်းဖြင့်​ပြောခြင်း၊SMS မှပို့ခြင်းမပြုလုပ်သင့်​ကြောင်းနည်းပညာကျွမ်းကျင်သူအချို့က​ပြောသည်။ K4U ​ကျောင်းနှင့် ​ကျောင်းသားမိဘများက ဆက်သွယ်ရာတွင် ဖုန်းဖြင့်ဆက်သွယ်မိ၍စစ်​ကောင်စီက ​ခြေရာခံပြီး ​ကျောင်းသားမိဘများ၏ဖုန်းနံမှတ်သို့ ထိုသို့SMSက​ပေးပို့ပြီးပြသာနာဖန်တီးလိုပါကနည်းပညာအရလုပ်လိုပါကလုပ်နိုင်​ကြောင်းလည်း နည်းပညကျွမ်းကျင်သူတစ်ဦးက​ပြောသည်။ စစ်​ကောင်စီ​ကျောင်းမအပ်သူများကိုသိပါက ၎င်းတို့အမည်နှင့်ဖုန်းနံမှတ်ကို သိ​အောင်လုပ်ရန်မှာ လွယ်ကူ​ပြီး ၊ထိုနည်းဖြင့် K4U အပ်မည်ထင်​သော​ကျောင်းသားမိဘများထံစာပို့ခြင်းမျိုးလည်းဖြစ်နိုင်​ကြောင်းသုံးသပ်သည်။

▪︎​ကျောင်း၏တာဝန်ခံ ဖြေရှင်းမှုအ​ပေါ်​မေးခွန်းများ

သို့​သော်​ ခြိမ်း​ခြောက်စာရ​​သောကျောင်းသားမိဘများကစိုးရိမ်​နေ​သော်လည်း​ ​ကျောင်းကထုတ်ပြန်ချက်တစ်​စောင်ထုတ်သည်မှအပကျောင်းက​သေချာ​ဖြေရှင်း​ပေးခြင်းမရှိသည်ကို​ ​ကျောင်းသားမိဘများက​မေးခွန်းထုတ်​နေသည်။

K4U​ကျောင်း ​ဖေစ်ဘွခ်ပိုစ်တစ်ခုတွင်​ကျောင်းသားမိဘတစ်ဦး၏​မေးမြန်းထားမှုကို​ကျောင်းက ပြန်မ​​ဖြေထားပါ
K4U​ကျောင်း ​ဖေစ်ဘွခ်ပိုစ်တစ်ခုတွင်​ကျောင်းသားမိဘတစ်ဦး၏​မေးမြန်းထားမှုကို​ကျောင်းက ပြန်မ​​ဖြေထားပါ

ထို​ကြောင့် အချက်အလက်​ပေါက်ကြားမှုမှာ​ကျောင်းမှ ဟုတ်၊မဟုတ်ကိုလည်း​သေချာမသိရ​ပေ။ K4U ၏​ဖေရ်ဘွခ်စာမျက်နှာတွင်​ကျောင်းသားမိဘအချို့က အဆိုပါကိစ္စ​မေးမြန်းမှုများကို ​ကျောင်းက​ဖြေကြား​ပေးခြင်းမ​တွေ့ရသလို ၊ယခုရက်ပိုင်းအတွင်း​ကျောင်း၏​ဖေစ်ဘွခ်ပိုစ်များတွင် Comment (မှတ်ချက်)ပိတ်ထားသည်ကိုလည်း​တွေ့ရသည်။

“အဲ့တုန်းကလည်း cele တွေ ၊ social influencer တွေအပြင်NUG ကပါ recommend ပေးလို့အပ်လိုက်တာပါ။

အခု​တော့တကယ်ကိုငါးပါးမှောက်နေပါပြီ” ဟု​​ SMSမှဆက်သွယ်လာပြီးကျောင်းအပ်ရ​သေးသည်​ဟုပြော၍ကျောင်းသားအချက်အလက်များ​ပေးလိုက်မိပြီး ခြိမ်း​ခြောက်​ငွေ​တောင်းခံမှုကြုံ​နေ​သောကျောင်းသားမိဘတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

ဆောင်းပါး

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း၊ အထူးသဖြင့် အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ နိုးကြားလာတဲ့ အခါမှာတော့ တရုတ်ဟာအဲဒီ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်လာရပြန်ပါတယ်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

သတင်း

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။