Connect with us

Hi, what are you looking for?

သတင်း

လွယ်ပတာနှင့်​ရွှေပြည်​အေးအနီးကုန်းစခန်းများတိုက်ပွဲတွင် စစ်​ကောင်စီတပ် ၄၀ ​ကျော်​သေဆုံးပြီး ကရင်နီပူး​ပေါင်းတပ် ၁၁ဦးကျဆုံး

အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များကို အာဇာနည် သူရဲကောင်းများ အဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။

KNDF
KNDF

ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ကျော် သေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ယနေ့(ဇူလိုင် ၆ ရက်) တွင်ထုတ်ပြန်သည်။

ဇူလိုင် ၄ ရက်၊ နံနက် ၅ နာရီခန့်ကဖယ်ခုံမြို့နယ် ကုန်းဆုံနှင့်လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏လွယ်ပသာကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF ၊ PDF (Phekhon)၊ SSRY ပူး​ပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်ကာ၊ စစ်ကာင်စီတပ်​သေဆုံးမှုများပြီး စစ်​ကောင်စီတပ်၏လွယ်ပတာစခန်းကို သိမ်းပိုက်ရရှိလုနီးပါးအ​ခြေအ​နေတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှလက်နက်
ကြီးများဖြစ်အဆမတန် အသုံးပြု စစ်​ကူ​ပေးလာခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်များမှ နေ့လည်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု​ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ဘက်မှ (၄၀) ဦးကျော် သေဆုံးခဲ့ပြီးထိခိုက်မှုများပြားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ အဆမတန် လက် နက်ကြီးပစ်ခတ်မှုနှင့် သာလွန်စစ်ကူအင်အားတို့ကြောင့် တပ်စခန်းများကို ဝင်ရောက်စီးနှင်းမှုအတွင်းပူးပေါင်းတပ်ဖက်မှ ရဲဘော် (၁၁) ဦးကျဆုံးခဲ့သည်ဟုအသိ​ပေးထားသည်။

“အဓိကတော့ လက်နက်ကြီး ပစ်ကူကြောင့် အကျ များခဲ့ရတာ။လက်ရှိ ဒီနေ့ ထိလည်း တိုက် ပွဲက ပြင်းထန်နေတုန်းပဲလို့ သိရတယ်”ဟု ကရင်နီ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သည် ​သေဆုံးထိ့ခိုက်မှု များချိန်တွင်အင်အား ၂၀၀ခန့် ဖြင့် စစ်ကူပေးလာခြင်းဖြစ်သည်ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက ဆက်​ပြောသည်။

“စစ်​​​ေတွေလည်း အ‌သေများတယ်။ ရပ်ကွက်ထဲမှာအလောင်းတွေ ကားနဲ့လိုက်ကောက်နေရတယ်။ ရွှေပြည်အေး စစ်ကြောင်းမှာလည်းစစ်​​တွေ အကုန်နီးပါသေတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များကို အာဇာနည် သူရဲကောင်းများ အဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။