Connect with us

Hi, what are you looking for?

သတင်း

မြိုင် – ပခုက္ကူလမ်းပိုင်းတွင် စစ်အုပ်စုစီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းခွဲတိုက်ခိုက်ရာ ပျူနှစ်ဦးသေ

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရေစကြို၊ မြိုင်နယ်များနှင့် နယ်ချင်းဆက်နေသော ပခုက္ကူမြို့နယ်တွင်လည်း စ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

(PKU N PDFအဖွဲ့ဝင် ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - PKU N PDF)
(PKU N PDFအဖွဲ့ဝင် ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - PKU N PDF)

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ စီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းခွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း PKU N PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၃ရက် နံနက် ၁၁နာရီ ၄၅မိနစ်က ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲ၍ ဂိတ်ဖွင့်စစ်ဆေးရေးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အရှေ့ချောက်ကန်ရွာမှ ပျူစောထီး နှစ်ဦးပါသည့် ယာဥ်တစ်စီးသည် မြိုင်ဘက်သို့ ထွက်လာခဲ့သည်။

PKU N PDFနှင့် Royal Defence Force PKU မှ သတင်းကြိုတင်ရရှိသဖြင့် လမ်းခုလတ်တစ်နေရာ၌စောင့်ဆိုင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးခန့် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး နှစ်ဦးမှာ နေရာတွင်ပင်သေဆုံးကြောင်း PKU N PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပခုက္ကူ – မြိုင်လမ်းပိုင်း အင်ပင်ကျေးရွာနှင့် ကုန်းတက်ကန်ကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယာဥ်ပေါ်ပါအကြမ်းဖက်အုပ်စုသည် သေဆုံးရုပ်အလောင်းတစ်လောင်းအား ချန်ခဲ့ကာ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ညနေ၄နာရီခန့်တွင် ပခုက္ကူမြို့မှ ကားအဖြူတစ်စီးဖြင့် အင်အား (၅၀)ခန့်တင်ဆောင်၍ ပြန်လည်ရောက်ရှိလာခဲ့သည်။

အခင်းဖြစ်နေရာအနီးမရောက်မီ အင်ပင်ကျေးရွာမှစ၍ ခြေလျင်စစ်ကြောင်းထိုးကာ ကျန်ရှိခဲ့သည့် ပျူစောထီး အလောင်းအား လာကောက်သွားပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ PDFရဲဘော်များအားလုံးလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု PKU N PDFက အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PKU N PDFအဖွဲ့ထဲ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရေစကြို၊ မြိုင်နယ်များနှင့် နယ်ချင်းဆက်နေသော ပခုက္ကူမြို့နယ်တွင်လည်း စ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။