Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ခေါင်က စိန်သန့်စင်ရေးလုပ်ငန်း အနုကြမ်းစီးခံရ၊ ၃ ဦးကို ဖမ်းမိ

အဲဒီအနုကြမ်းစီးမှု မှာ စစ်ကောင်စီတပ်ကို ဖုန်းဆက်တိုင်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

People's Spring
People's Spring

ဒီနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ထဲကစိန်သန့်စင်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ်ကို လူတစ်စုလက်နက်နဲ့အနုကြမ်းစီးမှုဖြစ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အနုကြမ်းဝင်စီးတဲ့နေရာဟာ မန္တလေးမြို့လယ်ခေါင်နေရာထဲပါဝင်ပြီးလူစည်ကားရာနေရာဖြစ်တဲ့ ၈၅ အေလမ်း၊ ၃၁ လမ်း နဲ့ ၃၂ လမ်းကြားက နေအိမ်ဖြစ်တယ်လို့သိရပါတယ်။

အဲဒီနေအိမ်ကို နေ့လယ် ၁၂ နာရီခန့်က လူတစ်စုဟာ လက်နက်နဲ့ရောက်လာပြီး အနုကြမ်းစီးခဲ့တယ်လို့သိရပါတယ်။

အဲဒီအနုကြမ်းစီးမှု မှာ စစ်ကောင်စီတပ်ကို ဖုန်းဆက်တိုင်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

အသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။လက်ရှိမှာ အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။