Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့လယ်ခေါင်က စိန်သန့်စင်ရေးလုပ်ငန်း အနုကြမ်းစီးခံရ၊ ၃ ဦးကို ဖမ်းမိ

အဲဒီအနုကြမ်းစီးမှု မှာ စစ်ကောင်စီတပ်ကို ဖုန်းဆက်တိုင်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

People's Spring
People's Spring

ဒီနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ထဲကစိန်သန့်စင်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ်ကို လူတစ်စုလက်နက်နဲ့အနုကြမ်းစီးမှုဖြစ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အနုကြမ်းဝင်စီးတဲ့နေရာဟာ မန္တလေးမြို့လယ်ခေါင်နေရာထဲပါဝင်ပြီးလူစည်ကားရာနေရာဖြစ်တဲ့ ၈၅ အေလမ်း၊ ၃၁ လမ်း နဲ့ ၃၂ လမ်းကြားက နေအိမ်ဖြစ်တယ်လို့သိရပါတယ်။

အဲဒီနေအိမ်ကို နေ့လယ် ၁၂ နာရီခန့်က လူတစ်စုဟာ လက်နက်နဲ့ရောက်လာပြီး အနုကြမ်းစီးခဲ့တယ်လို့သိရပါတယ်။

အဲဒီအနုကြမ်းစီးမှု မှာ စစ်ကောင်စီတပ်ကို ဖုန်းဆက်တိုင်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

အသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။လက်ရှိမှာ အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

ဆောင်းပါး

စစ်အတွင်းကာလဖြစ်နေသည်ကို မေ့လျော့နေပုံရသည့်မန္တလေးသည် သီတင်းကျွတ်ပွဲတော်များဖြင့် အုန်းအုန်းထခဲ့ပြီးနောက် ၁၀၂၇၏ နှုတ်ဆက်မှုကြောင့် မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရုတ်ချည်းငြိမ်သက်သွား​တော့ သည်။

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

သတင်း

ကျောင်း ချိတ်ပိတ်လိုက်တဲ့ ဓာတ်ပုံတွေနဲ့အတူ ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးရမိတဲ့ ပုံတွေ လည်း စစ်ကောင်စီ ကလူမှုကွန်ရက်မှာဖြန့်ဝေထားတာတွေ့ရပါတယ်။