Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ဖလမ်းကြား ရမ်ထလိုရွာအနီးတိုက်ပွဲ CDF ရဲဘော်တစ်ဦး ကျဆုံး

ယနေ့ တိုက်ပွဲအပါအဝင် ၄ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

(ကျဆုံးခဲ့ရသည့် မတူပီ CDFမှ ရဲဘော်ဆလိုင်းအာလောင်အား ​တွေ့ရစဥ်)
(ကျဆုံးခဲ့ရသည့် မတူပီ CDFမှ ရဲဘော်ဆလိုင်းအာလောင်အား ​တွေ့ရစဥ်)

ချင်းပြည်နယ် ဖလမ်း-ဟားခါးလမ်းပိုင်းရှိ ရမ်ထလိုရွာအနီးတွင် ဇူလိုင် ၁၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု The Chin Journal က ဖော်ပြသည်။

ကျဆုံးခဲ့သည့် ရဲဘော်မှာ မတူပီ CDFမှ ရဲဘော်ဆလိုင်းအာလောင် ဖြစ်ပြီး ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်မှအခြား ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အဆိုပါ ဟားခါး – ဖလမ်း ကြား တွင် ဇူလိုင် ၈ရက်မှစ၍ ယနေ့ အထိ တိုက်ပွဲ ၆ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်။ ဇူလိုင် ၈ရက် တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦးသေဆုံးခဲ့ပြီး ဇူလိုင် ၁၀ရက် တိုက်ပွဲတွင် ​လေးဦး သေဆုံးခဲ့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲအပါအဝင် ၄ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဟားခါးဖက်သို့ ရှေ့ဆက်မတိုးနိုင်ဘဲ ယနေ့ညနေပိုင်းတွင် ရမ်ထလိုကျေးရွာသို့ ပြန်လှည့်ကြကာ ဘုရားကျောင်းတွင် စခန်းချညအိပ်ကြကြောင်း ဒေသခံတွေထံမှ သိရသည်ဟုလည်း The Chin Journalက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။