Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့တိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေ

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

(ဇွန်လအတွင်းတိုက်ပွဲ၌ ဖယ်ခုံ PDFတပ်ရင်း (၂)မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)
(ဇွန်လအတွင်းတိုက်ပွဲ၌ ဖယ်ခုံ PDFတပ်ရင်း (၂)မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှငါးဦးသေဆုံးကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်းက ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲနှင့် တောင်ပို့ကွဲရွာကြားရှိ စစ်ကောင်စီစခန်းကို ၁နာရီခန့်ကြာတိုက်ခိုက်ခဲ့ခြင်းဟု ဆို သည်။

“ဖယ်ခုံ PDFတပ်ရင်း (၂)ကသွားတိုက်တာ။စစ်ကောင်စီဘက်က ငါးဦးသေတယ်။ပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်းများတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ် တစ်ဦးက People’s Springသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြုခဲ့သော်လည်း PDFဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထီရိစခန်းသိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင်တပ်သား ၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင် စီတပ်သားနှစ်ဦးနှင့် PNOတပ်သားသုံးဦး လက်နက်ချ ဖမ်းမိခဲ့သည်။

ဇွန်လ ၁၃ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများ စစ်ကြောင်း ထိုးဝင်လာခဲ့သည်။

စစ်ကောင်စီတပ်နှင့်အတူ PNOပြည်သူ့စစ်အဖွဲ့က ပူး ပေါင်း၍ စစ်ရှောင်ပြည်သူများ၏ နေအိမ်အဆောက်အဦးများမီးရှို့ခံရသည့်အပြင် ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊ မြေသြဇာနှင့် ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ်ဘက်သို့ ယူဆောင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။