Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင်အရပ်ဝတ်စစ်သားများစီးလာ​သော ၂ စီးကို PDFများမိုင်းဆွဲတိုက်ခိုက်

နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ ညနေ၅နာရီခန့်ကလည်းမန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ရသာကျေးရွာရှိ စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန် သံချောင်းအား Taman Taw (Myaung) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ငါန်းဇွန်မြို့နယ်
ငါန်းဇွန်မြို့နယ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဝင်ဆင်ပြီးစီးနင်းလိုက်ပါလာသော ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့-NYSGFက သတင်းထုတ်ပြန်သည်။

ယမန်နေ့( ဇူလိုင်လ ၁၂ ရက်)ည ၉ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-ငါန်းမြာလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Mark 2 အဖြူရောင်ကားနှင့် Honda Fit ခဲရောင်ကားတစ်စီးဖြင့် မူးရူးသောက်စားပြီး မောင်းနှင်လာခဲ့သည်။

ထိုကားနှစ်စီးအား သားကြင်ကျေးရွာနှင့် နတ်ကြီးကျေးရွာကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်ကဒဏ်ရာအများအပြား ရရှိသွားခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ -NYSGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြောက်ကျားရဲဘော်များအထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ ဌာနေသို့ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကြားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက “ဘီယာဆိုင်ရှေ့မှာ ကားနှစ်စီးလုံးရပ်ပြီး သောက်စားနေကြတာ။ ကျွန်တော်တို့လည်း ​ွေးကားတကယ်သေချာလားဆိုတာ စုံစမ်းတယ်။ ​ွေးကားသေချာလို့ ဆွဲလိုက်တာပါ။ ကားတွေကငါန်းမြာဘက်ပြန်တာ။ အရပ်ဝတ်တွေနဲ့ပါ။ ကားမိုင်းဆွဲခံရပြီး ခပ်လှမ်းလှမ်းမှာ ရပ်သွားရော။ ကားမောင်းမရတော့လို့ရပ်သွားတယ်ထင်တယ်။အဲကျမှ ကားပေါ်ကနေ ရမ်းသမ်းပစ်တာ။ ပြောချင်တာကတော့စခတွေသိအောင် ပြောပေးပါ။ ရှေ့လျှောက် နယ်မြေကို နောင်ရိုးက အပိုင်စိုးတော့မယ်ဆိုတာပါပဲ”ဟုပြောသည်။

ထိုဖောက်ခွဲမှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ -NYSGF၊ မန်စွယ်ကျား​​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM ၊မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း-M2W မဟာမိတ်ညီနောင်များပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ ညနေ၅နာရီခန့်ကလည်းမန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ရသာကျေးရွာရှိ စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန် သံချောင်းအား Taman Taw (Myaung) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။