Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ် လွယ်ပေါရွာတွင် စစ်ကောင်စီတပ်က ​​စာခြောက်ရုပ်များကို စစ်သားပုံစံပြုလုပ်၍ ကင်းချထား

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှ ဝင်ရောက်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

ဓာတ်ပုံ - ဖယ်ခုံ PDF
ဓာတ်ပုံ - ဖယ်ခုံ PDF

▪️ဒေသခံများ၏ နေအိမ်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးသွား

ရှမ်း – ကယား(ကရင်နီ) ဒေသအစပ် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ နယ်မြေရှင်းလင်းစဥ် အကြမ်းဖက်စစ်ကောင်စီတပ်က ​​ဒေသခံများ၏ နေအိမ်ဆိုင်ခန်းများ ​ဖောက်ထွင်းဖျက်ဆီးခဲ့ပြီး စာခြောက်ရုပ်များကို စစ်သားပုံစံပြုလုပ်၍ ကင်းချထားသည်ကို တွေ့ရကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)က ယနေ့(ဇူလိုင် ၁၅ ရက်) ထုတ်ပြန်သည်။

လွယ်ပေါကျေးရွာ တောင်ကြောပေါ်တွင် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)သည် ယမန်နေ့ကနယ်မြေရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် နန်းပေါ်လုံ၊လွယ်ပေါနှင့်လွယ်မကူးတောင်ပေါ်တို့တွင် လက်ရှိအချိန်ထိတပ်စွဲထားကြောင်းလည်း ဖယ်ခုံတပ်ရင်း (၂)က အသိပေးသည်။

ဇူလိုင် ၁၃ရက်က ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲနှင့် တောင်ပို့ကွဲရွာကြားရှိ စစ်ကောင်စီစခန်းကို ဖယ်ခုံ PDF က ၁နာရီခန့်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦး သေဆုံးကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှ ဝင်ရောက်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

ထီရိစခန်း သိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် တပ်သား ၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သား သုံးဦး လက်နက်ချ ဖမ်းမိခဲ့သည်။

ထို့အပြင် ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်သည် ခေါင်းအိရွာသစ် အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများ စစ်ကြောင်းထိုးဝင်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

Facebook