Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံနှင့်​ရေဖြူ မြိုနယ်မှ ပျူတစ်ဦးနှင့် ​သွေး​သောက်အဖွဲ့ဝင်တစ်ဦးကို PDF များသုတ်သင်ရှင်းလင်း

သုတ်သင်ခံရသူများမှာ လောင်းလုံးမြို့နယ်၊အောက်ရေဖြူကျေးရွာအုပ်စု၊ ပိန္နဲတောရွာရှိ ပျုစောထီးထွန်းထွန်းဝင်းဆိုသူနှင့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာသား သွေးသောက်အဖွဲ့ဝင် ပိုင်သန်းတို့ကို ယနေ့(ဇူလိုင် ၁၆ ရက်)တွင် မနက် ၆နာရီနှင့် နေ့လယ် ၂နာရီတို့တွင် အသီးသီးသုတ်သင်ရှင်းလင်းခဲ့​ကြောင်း ​ဒေသခံPDF အဖွဲ့များက ထုတ်ပြန်သည်။

လောင်းလုံနှင့်​ရေဖြူ မြိုနယ်မှ ပျူတစ်ဦးနှင့် ​သွေး​သောက်အဖွဲ့ဝင်တစ်ဦးကို PDF များသုတ်သင်ရှင်းလင်း
လောင်းလုံနှင့်​ရေဖြူ မြိုနယ်မှ ပျူတစ်ဦးနှင့် ​သွေး​သောက်အဖွဲ့ဝင်တစ်ဦးကို PDF များသုတ်သင်ရှင်းလင်း

တနသာ်ရီတိုင်းလောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် စစ်​ကောင်စီလက်​အောက်ခံပျူစောထီး တစ်ဦး နှင့် သွေးသောက်အဖွဲ့ဝင် တစ်ဦးတို့ကိုသုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များကသတင်းထုတ်ပြန်သည်။

သုတ်သင်ခံရသူများမှာ လောင်းလုံးမြို့နယ်၊အောက်ရေဖြူကျေးရွာအုပ်စု၊ ပိန္နဲတောရွာရှိ ပျုစောထီးထွန်းထွန်းဝင်းဆိုသူနှင့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာသား သွေးသောက်အဖွဲ့ဝင် ပိုင်သန်းတို့ကို ယနေ့(ဇူလိုင် ၁၆ ရက်)တွင် မနက် ၆နာရီနှင့် နေ့လယ် ၂နာရီတို့တွင် အသီးသီးသုတ်သင်ရှင်းလင်းခဲ့​ကြောင်း ​ဒေသခံPDF အဖွဲ့များက ထုတ်ပြန်သည်။

ပျူစောထီးထွန်းထွန်းဝင်းသည် ပန်းဒလဲ ကျေးရွာမှပျူခေါင်းဆောင် ငဇော်၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး ပန်းဒလဲကျေးရွာတွင် ဆက်ကြေးကောက်ခြင်း၊ ဆိုးသွမ်းသောင်းကြမ်းခြင်းနှင့် ဂေါ့အင်း ကျေးရွာသားများ သတ်ဖြတ်မှုတွင်လည်းအကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့်အတူပါဝင်သူဖြစ်သည်ဟု ​ဖော်ပြထားသည်။ထို့အပြင်CDMဝန်ထမ်းများ၊ ဆန္ဒပြလူငယ်များ၏ နေအိမ်များကို စစ်ကောင်စီတပ်ကို လိုက်လံပြသပေးသူလည်းဖြစ်သည်ဟုသိရသည်။

ထွန်းထွန်းဝင်းသည်လောင်းလုံးမြို့နယ်အတွင်းလမ်းမတစ်နေရာတွင်ပန်းဒလဲပျူစောထီးကားကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ရာတွင် သေနတ်ဒဏ်ရာရရှိခဲ့သော်လည်း အသက်မသေခဲ့​​ပေ။ ယ​နေ့နံနက် ၆ နာရီတွင် ​လောင်းလုံPDF- LLPDFနှင့် Dawei Defense Team-DDT တပ်ခွဲ (၃) တို့ကပူးပေါင်း၍ ၎င်းကိုသုတ်သင်ရှင်းလင်းခဲ့သည်ဟုအသိ​ပေးထားသည်။ အဆိုပါ စစ်ဆင်​ရေး​ဆောင်ရွက်ရာတွင် ​ဒေသခံ PDF များနှင့်လုံးမသက်ဆိုင် ​ကြောင်းလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အလားတူ ရေဖြူမြို့နယ်၊ မူးဒူးရွာသား သွေးသောက်အဖွဲ့ဝင် ပိုင်သန်း ဆိုသူအား ဇင်ယော်တပ်ခွဲ( ပကဖ-ရေဖြူ)ရဲဘော်များက ယနေ့ မွန်းလွှဲ ၂ နာရီတွင် သုတ်သင်ခဲ့သည်။ ၎င်းသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန်လိုက်လံပြလမ်းပြသူတစ်ဦးဖြစ်ပြီး မူးဒူးရွာသား သွေးသောက်အဖွဲ့ဝင် ကံစိုးကို သုတ်သင်ရာတွင်လည်း ရွာသားများကို ကင်းထောက်ပေးသည်ဟူဆိုကာ လုပ်ကြံရန် ကြိုးစားခဲ့သူလည်းဖြစ်သည်ဟု သိရသည်။

​လောင်းလုံ၊ ​ရေဖြူ ၊ထားဝယ်၊ သရက်​ချောင်းစ​သောတနသာ်ရီမှ မြို့နယ်သည် စစ်​ကောင်စီကိုဖြုတ်ချ​ရေးအတွက် ခုခံတွန်းလှန်းမှုအား​ကောင်း​သော​ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်