Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်ရှိ PDF တပ်ဖွဲ့ခွဲစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စခန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းများ မီးရှို့ဖျက်ဆီးခံရ

လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် စခန်းအားလက်လွတ်ခဲ့ရသဖြင့် စစ်ကောင်စီတပ်များက စခန်းရှိ အဆောင်များအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းရှိ (ပိုက်ဆံ၊ ဖုန်း၊ ကျည်၊ ရိက္ခာ၊ အသုံးအဆောင်)များစွာ ဆုံးရှုံးခဲ့ရသည်ဟု Aung San Generation အဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်အတွင်းရှိ PDF တပ်ဖွဲ့ခွဲစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စခန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Aung San Generation က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၇ရက်) နံနက် ၇ နာရီခန့်က အင်အား ၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဘုတလင်နယ်အတွင်း စခန်းချထားသော Aung San Generation၏ တပ်ဖွဲ့ခွဲစခန်းအား လက်နက်ကြီး။ လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် စခန်းအားလက်လွတ်ခဲ့ရသဖြင့် စစ်ကောင်စီတပ်များက စခန်းရှိ အဆောင်များအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းရှိ (ပိုက်ဆံ၊ ဖုန်း၊ ကျည်၊ ရိက္ခာ၊ အသုံးအဆောင်)များစွာ ဆုံးရှုံးခဲ့ရသည်ဟု Aung San Generation အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့ပြီး စခန်းအတွင်းရှိ မိုင်းများခွဲရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း Aung San Generation ရဲဘော်များမှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Aung San Generation အဖွဲ့သည် မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အခြေစိုက် ဒေသတွင်းအခြားPDFအဖွဲ့များနှင့်ပါ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...