Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒေါနစစ်ကြောင်း ရဲဘော်များ၏ အာဇာနည်နေ့ အခမ်းအနား

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ စစ်ကြောင်းမှူးက အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာ သစ်သွင်မှူးက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာကို ဖတ်ကြားခဲ့သည်။

ဓာတ်ပုံ - ဒေါနစစ်ကြောင်း
ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ကရင်ပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်များက ယနေ့ (ဇူလိုင် ၁၉) ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

PDF ရဲဘော်များက အာဇာနည် ၉ ဦးနှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များမှ အာဇာနည်များ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခြင်း ၊ မိုးပေါ်သို့ သေနတ်ပစ်ဖောက်၍ ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ စစ်ကြောင်းမှူးက အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာ သစ်သွင်မှူးက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာကို ဖတ်ကြားခဲ့သည်။

ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒေါနစစ်ကြောင်း တပ်ရင်း၊ တပ်ခွဲ အသီးသီးမှ ရဲဘော်များ တက်ရောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

အရေးတော်ပုံအောင်မြင်သည့်အချိန် ကျဆုံးရဲဘော်များ အားလုံးအတွက် ထိုက်တန်စွာ ဂုဏ်ပြုပါမည်ဟု ကတိပြုကြောင်းလည်း KNDFက ထုတ်ပြန်ကြေညာသည်။

သတင်း

ဒီဇင်ဘာ ၁ရက်က စ၍ ရေစကြိုမြို့နယ်အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားနေသည်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံ၊ ပါရီမြိုတော်မှာ မီးသင့်လောင်ကျွမ်းခဲ့ဖူးတဲ့ ကမ္ဘာကျော် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် ဖွင့်လှစ်မှု အခမ်းအနားကို ဒေါ်နယ်လ်ထရမ့် တက်ရောက်မယ်လို သိရပါတယ်။