Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒေါနစစ်ကြောင်း ရဲဘော်များ၏ အာဇာနည်နေ့ အခမ်းအနား

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ စစ်ကြောင်းမှူးက အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာ သစ်သွင်မှူးက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာကို ဖတ်ကြားခဲ့သည်။

ဓာတ်ပုံ - ဒေါနစစ်ကြောင်း
ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ကရင်ပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်များက ယနေ့ (ဇူလိုင် ၁၉) ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

PDF ရဲဘော်များက အာဇာနည် ၉ ဦးနှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များမှ အာဇာနည်များ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခြင်း ၊ မိုးပေါ်သို့ သေနတ်ပစ်ဖောက်၍ ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ စစ်ကြောင်းမှူးက အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာ သစ်သွင်မှူးက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာကို ဖတ်ကြားခဲ့သည်။

ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒေါနစစ်ကြောင်း တပ်ရင်း၊ တပ်ခွဲ အသီးသီးမှ ရဲဘော်များ တက်ရောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။