Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်း (၁၅၈)မိုင်ရှိ စမိုးရဲကင်းကို တောင်ငူခရိုင် PDFတပ်ရင်း စနိုက်ပါအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဟုဆို

ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

People's Spring
People's Spring

ရန်ကုန် – နေပြည်တော် အမြန်လမ်း (၁၅၈)မိုင်ရှိ စစ်ကောင်စီလက်အောက်ခံ စမိုးရဲကင်းအား တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)စနိုက်ပါတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးစစ်ဒေသခွဲက ယနေ့ (ဇူလိုင် ၂၀) ထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ယခုတိုက်ခိုက်မူ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီမှ စခ ခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိနိုင်ပါသည်”ဟု ထုတ်ပြန်ချက်တွင် အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း တောင်ငူခရိုင် PDF တပ် ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)မှ စနိုက်ပါတပ်ဖွဲ့များ အထိ အခိုက်မရှိဘဲ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့