Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ရွာများအား စစ်​ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ရာ ​လေးရက်အတွင်း PDFနှင့် ​ဒေသခံ ၁၈ဦးထက်မနည်း သတ်ဖြတ်ခံထားရ

ဇူလိုင် ၁၇ ရက်မှစတင်ကာ စစ်​ကောင်စီတပ်သည် ခင်ဦးနှင့်ကန့်ဘလူမြို့နယ် နယ်စပ်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍ ကျေးရွာ၁၀ရွာခန့်မှ ​ဒေသခံများ သောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(ခင်ဦးမြို့နယ် ရှင်မင်းဒွေရွာအား အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-NLGRF)
(ခင်ဦးမြို့နယ် ရှင်မင်းဒွေရွာအား အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-NLGRF)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများအား စစ်​ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်နေရာ ​လေးရက်အတွင်း ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှင့်​ဒေသခံပြည်သူ ၁၈ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၁၇ ရက်မှစတင်ကာ စစ်​ကောင်စီတပ်သည် ခင်ဦးနှင့်ကန့်ဘလူမြို့နယ် နယ်စပ်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍ ကျေးရွာ၁၀ရွာခန့်မှ ​ဒေသခံများ သောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်​ကောင်စီတပ်သည် ဇူလိုင် ၁၈ရက်က ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်နယ်စပ် ကန့်ဘလူမြို့နယ်၊ ကျီစုရွာအား ဝင်ရောက်အကြမ်းဖက်မီးရှို့မှုများ ပြုလုပ်ခဲ့သည်။

ရွာသူ၊ ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထွက်မပြေးနိုင်သူအချို့ ရွာထဲတင် ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ထွက်သွားပြီးနောက် ရွာသူ၊ရွာသားအချို့ ပြန်ဝင်လာခဲ့ချိန် မီးလောင်သေဆုံးနေသော ရုပ်အလောင်းများအား တွေ့ရှိရကြောင်း၊ ဇူလိုင် ၁၈ ရက်တွင် ရုပ်အလောင်းတစ်ခု၊ဇူလိုင် ၂၀ ရက်တွင် ရုပ်အလောင်း ၉ ခု စုစုပေါင်း ရုပ်အလောင်း ၁၀လောင်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထိုရုပ်အလောင်းများအား မီးလောင်ထားသည့် နေအိမ် ၅ လုံးအတွင်းမှ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ သေဆုံးသူများအနက် ၇ ဦးမှာ ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ပြီး ၃ ဦးမှာ အရပ်သားများဖြစ်ကြောင်း၊ ထို့အပြင် သာဝတ္ထိကျေးရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ခင်ဦးနယ်ဒေသကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့က ပြောသည်။

ထို့အပြင် ကျီစုရွာကို မီးပါရှို့ခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ဇူလိုင် ၂၀ ရက်တွင် စစ်​ကောင်စီတပ်သ​ည် ရှင်မင်းဒွေရွာမှ အိမ်တစ်အိမ်အား မီးရှို့ဖျက်ဆီး၍ ပြည်သူ တစ်ဦး၏ အလောင်းကိုလည်း မီးရှို့ခဲ့ကြောင်း ၊ သာဝတ္ထိ ကျေးရွာ တွင်လည်း အပြစ်မဲ့ ပြည်သူနောက်ထပ် ရုပ်အ​လောင်းတစ်လောင်း တွေ့ရှိခဲ့ရကြောင်း ခင်ဦးအခြေစိုက် KSO အဖွဲ့က ပြောသည်။

စစ်​ကောင်စီတပ်သည် ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ခင်ဦးမြို့နယ်ရှင်မင်းဒွေ‌ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် သုံးလုံးလောင်ကျွမ်းပျက်စီးခဲ့သည်။

ရှင်မင်းဒွေရွာမှ ပြည်သူများကို နေပူထဲတွင်ထိုင်ခိုင်းထားပြီး ​ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်သွားကြောင်းဒေသတွင်း NLGRF အဖွဲ့က ပြောသည်။

ရှင်မင်းဒွေရွာရှိ NLD မြို့နယ်အလုပ်မှုဆောင်အဖွဲ့ဝင် ကိုအောင်နိုင်ဝင်း(၄၅)နှစ်သည် နေအိမ်တွင်ဖမ်းဆီးခံရကြောင်း၊ ထို့ပြင် ၎င်း၏ ဦးလေးတော်စပ်သူအား စစ်​ကောင်စီတပ်က နေအိမ်စပါးတိုက်ထဲတွင် ဖမ်းဆီးတုပ်နှောင်ကာအဝတ်ပတ်ပြီး ဆီလောင်းမီးရှို့ကာညှင်းပန်းနှိပ်စက်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ညနေ ၄နာရီခန့်တွင် ရှင်မင်းဒွေရွာမှ ထွက်ခွါလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို အင်တိုင်းကြီးရွာအနီးတွင် ဒေသတွင်း PDFအဖွဲ့များ ပူးပေါင်းတိုက် ခိုက်ရာ သုံးဦးအထက်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ ၁၀ဦးခန့်ရှိနိုင်ကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်