Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရူးများ၏ လုပ်ရပ်အပေါ် အစွမ်းကုန် တုံ့ပြန်တိုက်ပွဲဝင်မည်ဟု စစ်ဒေသ(၁) အနောက်ပိုင်းစစ်ဒေသခွဲ တပ်မဟာ (၇)ကြေညာ

နိုင်ငံတော်အာဏာကို မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် မကြာမီ ပြုတ်ကျတော့မည့် စစ်အာဏာရူးတစ်သိုက်၏ သေမထူး နေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရား ထပ်မံရိုက်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်စု၏ မိသားစုများ၊ ထောက်ခံသူများ၊ အကျိုးစီးပွားပတ်သက်သူများအား လုံး တာဝန်ခံရ မည်ဟု အသိပေး

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် နှင့် စစ်အာဏာရူးတစ်သိုက်က ကိုဂျင်မီ နှင့် ကိုဇေယျာသော် အပါအဝင် လူလေးဦးအား သေဒဏ်စီရင်ခြင်း အပါအဝင် ဥပဒေမဲ့လုပ်ရပ်များ နှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသ(၁) အနောက်ပိုင်း စစ်ဒေသခွဲ၊ တပ်မဟာ(၇) အနေဖြင့် အစွမ်းကုန် တုံ့ပြန် တိုက်ပွဲဝင်သွားမည်ဟု အသိပေး ထုတ်ပြန်ခဲ့သည်။

စစ်အာဏာရူးများအပြင် ၎င်းတို့၏ မိသားစုများ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ထောက်ခံ အားပေးသူများ ၊ စစ်အုပ်စုနှင့် အကျိုးစီးပွား ပတ်သက်နေသူအားလုံး တာဝန်ခံကြရမည် ဟုလည်း အသိပေးထားသည်။

စစ်အာဏာရူးများ၏ လုပ်ရပ်အပေါ် အစွမ်းကုန် တုံ့ပြန်တိုက်ပွဲဝင်မည်ဟု စစ်ဒေသ(၁) အနောက်ပိုင်းစစ်ဒေသခွဲ တပ်မဟာ (၇)ကြေညာ
စစ်အာဏာရူးများ၏ လုပ်ရပ်အပေါ် အစွမ်းကုန် တုံ့ပြန်တိုက်ပွဲဝင်မည်ဟု စစ်ဒေသ(၁) အနောက်ပိုင်းစစ်ဒေသခွဲ တပ်မဟာ (၇)ကြေညာ

နိုင်ငံတော်အာဏာကို မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် မကြာမီ ပြုတ်ကျတော့မည့် စစ်အာဏာရူးတစ်သိုက်၏ သေမထူး နေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရား ထပ်မံရိုက်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတလျှောက် အာဏာသိမ်းစစ်အုပ်စု နှင့် ၎င်းတို့၏ မိသားစုများအား ခေတ်အဆက်ဆက်တွင် အပြစ်ပေးအရေးယူနိုင်ခဲ့ခြင်းမရှိဘဲ ဥပဒေမှ ကင်းလွတ်ခွင့်ရ‌နေသော အခြေအနေများကြောင့် အာဏာသိမ်း မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၏ ပိုမိုဆိုးဝါး ရက်စက်ကြမ်းကြုတ်မှုများအား ပြည်သူများ ပိုမိုခံစားလာကြရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူနှင့် တိုင်းပြည်အတွက် အသက်ပေးလှုသွားကြသော နွေဦးတော်လှန်ရေး ၏ အာဇာနည် သူရဲကောင်းများအတွက် အစွမ်းကုန် တုန့်ပြန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ပြည်သူနှင့် တိုင်းပြည်အတွက် အသက်ပေးလှူ သွားကြသော နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြု အလေးပြုကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook