Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနည်းပညာတက္ကသိုလ်ရှေ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်မိုင်း ဖြင့်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား သုံးဦးသေဟုဆို

စစ်ကောင်စီတပ်သားအချို့ မျက်စိထိခိုက်ပြီး လမ်းပေါ်ဖြတ်သွားသည့် Express ခရီးသည်ယာဥ်ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားကြောင်း၊ ထိုကားထိခိုက်မှုအတွက် တောင်းပန်သည်ဟု YRG က ပြောသည်။

(ဆိုင်ကယ်အား မိုင်းဆင်ထားသည်ကို မဖောက်ခွဲမီ ကြိုတင်ရိုက်ကူးထားစဥ်။ဓာတ်ပုံ-YRG)
(ဆိုင်ကယ်အား မိုင်းဆင်ထားသည်ကို မဖောက်ခွဲမီ ကြိုတင်ရိုက်ကူးထားစဥ်။ဓာတ်ပုံ-YRG)

နိုင်ငံရေးသမားများ ကြိုးပေးအသတ်ခံရ၍ လက်တုံ့ပြန်ခြင်းဟု YRG ပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်အား ဆိုင်ကယ်တွင်မိုင်းတပ်ခွဲကာတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း Yesagyo Revolution Group – YRGအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂၇ရက်) မွန်းလွဲ ၂နာရီခန့်က ရေစကြိုမြို့နယ်၊ ကျောက်လှေခါး ရွာအနီးရှိ GTC နည်းပညာကျောင်းတွင် တပ်စွဲနေသော စစ်ကောင်စီတပ်အား ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Yesagyo Revolution Group – YRG အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ တပ် စစ်ဆေးရေး လုပ်နေသော GTCကျောင်းဂိတ်အနီး ကိုက်(၁၀၀)ခန့် အကွာခန့်တွင် မိုင်းတပ်ဆင်ထားသည့် ဆိုင်ကယ်ကို ရပ်ထားခဲ့သည်။

ထို့နောက် ၃၅မိနစ်ခန့်အကြာတွင် အကြမ်းဖက်စစ်သားတစ်ဦးသည် ဆိုင်ကယ်ကို ဂိတ်ထဲသို့ တွန်းသွားပြီး ဆိုင်ကယ်တူးဘောက်ကို လှပ်ခဲ့ခြင်း ကြောင့် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း Yesagyo Revolution Group – YRGအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါမိုင်းသည် ဆိုင်ကယ်တူးဘောက်လှပ်လိုက်သည့်နှင့်ထကွဲအောင် စီစဥ်ထားသော မိုင်ဖြစ်ပြီး တူးဘောက်လှပ်သော စစ်ကောင်စီသားတစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ငါး ဦးအား ဆေးရုံပို့ပြီး နှစ်ဦးထပ်မံသေဆုံးကြောင်း YRG က အသိပေးသည်။

စစ်ကောင်စီတပ်သားအချို့ မျက်စိထိခိုက်ပြီး လမ်းပေါ်ဖြတ်သွားသည့် Express ခရီးသည်ယာဥ်ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားကြောင်း၊ ထိုကားထိခိုက်မှုအတွက် တောင်းပန်သည်ဟု YRG က ပြောသည်။

ထိုကြောင့် ကြိုးမိန့်ပေးခံရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့နှင့် ကျဆုံးသွားသော ရဲဘော်များအားလုံးအတွက် သွေးကြွေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YRGက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo Revolution Group – YRG အဖွဲ့၏ ဖောက်ခွဲရေးတာဝန်ခံ ကို Zeroက “ရေစကြို နယ်မှာ ​ဒီလိုဆိုင်ကယ်မိုင်းခွဲတာ မရှိသေးဘူးဗျ။ မြိုင်နယ်မှာရှိဖူးတယ်။ နောက်ပြီး တွန်းသွားတယ်ဆိုတာက လည်း သူတို့ဂိတ်နဲ့ ကိုက်တစ်ရာပဲဝေးတာဗျ။ အဲဒါကြောင့် သူတို့မြင်ပြီး တွန်းသွားတာ။ အသံကတော့ ဆယ်မိုင်ပတ်လည်ကကို ကြားရတယ်။ ယမ်းအစို ၁၅ ထောင့်ထည့်ထားတာ။”ဟု ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ၏ သေဆုံးထိခိုက်မှုအခြေအနေနှင့် ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါစစ်ဆင်ရေးအား Yesagyo Revolution Group – YRGအဖွဲ့နှင့်အတူ Urban Underground Revolution Force -UURF / Shwe Nyar Myae – PDFနှင့် Zarmani Blood Guerilla Army – Myaing အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် လက်နက်ခဲယမ်းဝယ်ယူရန်အတွက် တတ်နိုင်သလောက်ကူညီလှူဒါန်း ပေးရန် YRGက မေတ္တာရပ်ခံထားသည်။

(ဆိုင်ကယ်အား မိုင်းဆင်ထားသည်ကို မဖောက်ခွဲမီ ကြိုတင်ရိုက်ကူးထားစဥ်။ဓာတ်ပုံ-YRG)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။