Connect with us

Hi, what are you looking for?

သတင်း

ကင်မွန်းခြုံရွာတိုက်ပွဲ​သေဆုံးစစ်သားနှင့်ပျူအ​လောင်းများအား စစ်တပ်ကမီးရှို့ရာတွင် မီး​လောင်လွယ်​သော​ဆေးရည်အသုံးပြုဟု PDF​ပြော

​သေသွား​သောစစ်သားနှင့်ပျူများကိုကင်မွန်းခြုံရွာတွင် နေအိမ်အချို့ပေါ်တင်၍ မီးရှို့ထားသည့်အလောင်း ၂၀ ​ကျော်​တွေ့ရှိရ​ကြောင်း ပြည်သူ့ကာကွယ်​ရေးရဲဘော်တစ်ဦးက ဇူလိုင် ၂၈ရက်တွင်ပြောသည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​​လေးPDF)
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​​လေးPDF)

●တိုက်ပွဲမှ ပြန်​ရောက်လာ​သော ပျူ​ခေါင်း​ဆောင်​ကြောင်​တောင်​တောင်ဖြစ်​နေဟု​ ဒေသခံအချို့​ပြော

ကလေးမြို့ ကင်မွန်းခြုံရွာတိုက်ပွဲတွင် ​သေဆုံးခဲ့​သေစစ်သားနှင့်ပျူ​​စောထီးရုပ်အလောင်းများအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ရာတွင် မီးလောင်ကျွမ်းအားကောင်းသည့် ဓာတုဆေးရည်တစ်မျိုးအသုံးပြုခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ကင်းမွန်းခြုံရွာတွင် ဇူလိုင် ၂၁ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်​သေဆုံးထိခိုက်မှုများကာ အထိနာပြီး​နောက်စစ်တပ်နေအိမ် ၂၀ လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အိမ်များကိုမီးရှို့ရန်လုပ်စဥ် PDFများထောင်ထားသည့် မိုင်းမိ၍ သေဆုံးခဲ့သော စစ်သားနှင့်ပျူများကိုလည်း နေအိမ်များပေါ်တင်၍ မီးရှို့သွားသည်ဟု PDFများက​ပြောသည်။

“​သေသွားတဲ့ တပ်ကြပ်ကြီးတစ်ယောက်ကိုဘုန်းကြီးကျောင်းမှာ မီးရှို့တော့ မရှို့ခင် ဆေးရည်တွေလောင်းတယ်။ ပြီးတော့ မီးတို့လိုက်တာ အရိုးတွေပါ ခဏလေးနဲ့ ပြာကျသွားတယ်။ အိမ်တွေကို ရှို့တုန်းကလည်း မိုးရွာနေတာတောင် မီးလောင်အားပြင်းတယ်”ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

​သေသွား​သောစစ်သားနှင့်ပျူများကိုကင်မွန်းခြုံရွာတွင် နေအိမ်အချို့ပေါ်တင်၍ မီးရှို့ထားသည့်အလောင်း ၂၀ ​ကျော်​တွေ့ရှိရ​ကြောင်း ပြည်သူ့ကာကွယ်​ရေးရဲဘော်တစ်ဦးက ဇူလိုင် ၂၈ရက်တွင်ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာဘေးက တောင်ကုန်းပေါ်မှာကျွန်တော်တို့ပဒေသာမိုင်းဆင်ထားတာ။ စစ်ခွေးတွေနဲ့ ပျုစောထီးတွေကအဲ့ဒီ​တောင်ကုန်းပေါ်မှာ အသေအချာနေရာယူထားတာ။နောက်ရက်အဲ့ဒီတောင်ကုန်းပေါ် တက်ကြည့်တာအသားစတွေမြင်မကောင်းဘူး” ဟု အဆိုပါရဲဘော်ကပြောသည်။

ကင်မွန်းခြုံရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖက်မှ ရဲဘော်တစ်ဦး မိုင်းထိဒဏ်ရာရခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးထက်မနည်းသေဆုံးကြောင်းကလေးPDFကသတင်းထုတ်ပြန်ထားသည်။​သေဆုံးသူများတွင်ပျူစောထီများလည်းပါဝင်သည်ဟုPDFအချို့ကပြောသည်။

ကင်မွန်းခြုံရွာတိုက်ပွဲမှ ပြန်ရောက်လာသည့် တောင်အူပြင်သာရွာမှ ပျူစောထီးခေါင်းဆောင် တစ်ဦးသည် စိတ်ကစဥ့်ကလျားဖြစ်​နေသည်ဟုဒေသခံများကပြောသည်။

“ပျူခေါင်းဆောင်မြင့်ထူးပြန်ရောက်လာကတည်းကကြောင်တောင်တောင်ကြီး ဖြစ်နေတယ်။ ပျူတွေမရှုမလှသေတော့ အဲ့ဒါတွေ မြင်ပြီးကြောက်သွားသလား၊ တိုက်ပွဲတိုက်နေချိန် ဆေးတွေအတိုက်ခံရပြီး ကြောင်တာလားတော့ မပြောတတ်ဘူး” ဟုတောင်အူပြင်သာရွာဒေသခံတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။