စစ်ကိုင်းတိုင်း ၊ တမူးမြို့ နယ်ထိန်းရဲတပ်ကြပ်ပိုင်ဆိုင်သည့် လိုင်စင်မဲ့ကားကို သိမ်းဆည်းလိုက်ကြောင်း PDF-တမူး တပ်ရင်း(၁)က ထုတ်ပြန်သည်။
တမူးမြိနယ်၊ မြို့သစ်မြို့ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းပိုင်ဆိုင်သည့် အဆိုပါမော်တော်ယာဉ် မြို့သစ်မြို့မှ တမူးမြို့ကို ဇွန်လ၂၈ ရက်က မောင်းနှင် လာစဉ် PDF-တမူးက သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

PDF-တမူး၊ တပ်ရင်း(၁)က တမူး – အောင်ဇေယျလမ်းပိုင်းကို နယ်မြေလုံခြုံရေး နှင့် စိုးမိုးနိုင်ရေး ဆောင်ရွက်နေစဉ် အဆိုပါကားကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု လည်း ထုတ်ပြန်သည်။
အဆိုပါမော်တော်ယာဉ်သည် လိုင်စင်မဲ့ကားဖြစ်ပြီး အများပြည်သူထံမှ မတရားငွေညှစ်တောင်းခံ ခြင်း၊ သစ်၊ ကျွဲနွား၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူများထံမှ လိုင်းကြေးကောက်ခံရငွေ များဖြင့် ဝယ်ယူထား ခြင်းဖြစ်သည်ဟု PDF-တမူးက ဆိုသည်။

Public Service Announcement
လမ်းပိုင်းတွင် စစ်ကောင်စီနှင့်ပတ်သတ်သည့် အရာများစစ်ဆေးတွေ့ရှိပါက သိမ်းဆည်းကာ တော်လှန်ရေးတွင် အသုံးပြုသွားမည်ဟု PDF-တမူးတပ်ရင်း(၁) က ထုတ်ပြန်သည်။
