Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် ခြင်းခတ်နေသည့်စစ်အုပ်စု ပစ်ခတ်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေ

နွားထိုးကြီး PDF အဖွဲ့သ​ည် ဇူလိုင် ၂၉ရက်ကလ​ည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။

နွားထိုးကြီးတွင် ခြင်းခတ်နေသည့်စစ်အုပ်စု ပစ်ခတ်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေ
နွားထိုးကြီးတွင် ခြင်းခတ်နေသည့်စစ်အုပ်စု ပစ်ခတ်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တွင် ခြင်းခတ်နေသော အကြမ်းဖက်အုပ်စုအား လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင်လေးဦးသေဆုံးကြောင်း နွားထိုးကြီး PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၇ ရက် ညနေ ၅ နာရီခန့်က နွားထိုးကြီးမြို့လယ်တွင်ရှိသော ဆောက်လုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြင်းခတ်နေကြရာ ၎င်းတို့အား လက်နက်ကြီးဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု မျက်မြင်ပြည်သူများထံမှ သိရကြောင်း နွားထိုးကြီး PDF အဖွဲ့က ဆိုသည်။

ဒဏ်ရာရထားသူ ငါးဦးမှာလည်း အသက်အန္တရာယ်ထိခိုက်နိူင်သည့်အခြေအနေတွင်ရှိသည်ဟု အတွင်းသတင်းအရ သိရကြောင်း နွားထိုးကြီး PDF အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်များနှင့်ပတ်သက်ပြီး ​နွားထိုးကြီး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

နွားထိုးကြီး PDF အဖွဲ့သ​ည် ဇူလိုင် ၂၉ရက်ကလ​ည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။