Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် SNAက ပြည်သူတစ်ဦးအားပစ်ခတ်ဖမ်းဆီးမှု တာဝန်ခံရမည်ဟု PDF သတိပေး

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။

စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေသော ဗန်းမောက် PDFများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Banmauk Revolution
စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေသော ဗန်းမောက် PDFများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Banmauk Revolution

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ လက်ဝေခံ ရှမ်းနီတပ်ဖွဲ့(SNA)က ပြည်သူတစ်ဦးအား ပစ်ခတ်ဖမ်းဆီးသွားခြင်း လုပ်ရပ်အား တာဝန်ခံရမည်ဖြစ်ကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတိပေးထုတ်ပြန်သည်။

ဗန်းမောက်မြို့နယ် မံစီကြီးရွာနေကိုကျော်သက် ဆိုသူအား SNAက ယမန်နေ့ (ဩဂုတ် ၈ရက်) တွင် ပစ်ခတ်ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်တွင် SNAသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံဖြစ်နေပြီး ဌာနေရှမ်းနီပြည်သူများ၏ ဘဝ မလုံမခြုံဖြစ်နေရကြောင်း ဒေသခံများက သတင်းပေးပို့လာသည်ဟု ဖော်ပြသည်။

ယခုကဲ့သို့ လူမဆန်စွာပစ်ခတ် ဖမ်းဆီးခြင်းကို ဗန်းမောက် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဖမ်းဆီးခံပြည်သူအတွက် SNA မှအပြည့်အဝ တာဝန်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

SNAသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ရှိနေရာ ဩဂုတ် ၈ရက်က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်မှ SNA တပ်စခန်းနှင့် စစ်ကော်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ