Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းပူးပေါင်းအဖွဲ့ဝင်တို​က်ရာ ၁၀ဦးထက်မနည်း သေဟုဆို

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)
(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းပူးပေါင်းအဖွဲ့ တို​က်ခိုက်ရာ ၁၀ဦးထက်မနည်း သေဆုံးနိုင်ကြောင်း Freedom Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၁၂ ရက်) နံနက် ၇နာရီ ၅၀ မိနစ်ခန့်က ရေဦးမြို့နယ် ချမ်းသာရွာတွင် ညအိပ်ခဲ့သော အင်အား၁၂၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ကွမ်းအုံရွာအနီး၌ မဟာမိတ်ပူးပေါင်း အဖွဲ့များက မိုင်းကွင်းဖြင့် အသင့်ကြိုစောင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

မိုင်းကွင်းအတွင်း ဝင်လာသော စစ်ကောင်စိတပ်သား ၇ဦး လွင့်စင်သွားကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာတွင် သုံးဦး သေဆုံးခဲ့၍ စုစုပေါင်း ၁၀ဦး အနည်းဆုံး သေဆုံးနိုင်ကြောင်း FRFက ဆိုသည်။

ပူးပေါင်းအဖွဲ့များဘက်က မစိုးရိမ်ရသောဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ရွှေဘိုခရိုင် တပ်ရင်း(၂၄)FRFတပ်ဖွဲ့၊ဗိုလ်မုတ်ဆိတ်အဖွဲ့၊DRPA၊ရွှေဘိုခရိုင်တပ်ရင်း (၉)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၁)နှင့်အခြားဒေသတွင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်ခံရသော အကြမ်းဖက်အုပ်စုသည် ယမန်နေ့က ရေဦးနယ် အနောက်ခြမ်း ကုန်းသာရွာအား မီးတင်ရှို့ခဲ့သော အဖွဲ့ဖြစ်သည်။ ၎င်းစစ်ကြောင်းသည် ချမ်းသာ၊ တောင်ခွင်၊ ငှက်ပျောတောရွာ များဘက် မွှေနှောက်ဖျက်ဆီးခဲ့ပြီး ယနေ့နံနက် ငှက်ပျောတောရွာမှတဆင့် ကွမ်းအုံရွာသို့ ဝင်ရောက်ချိန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ကွမ်းအုံရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။