Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင် ရင်ပေါင်တိုင်တိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များ

အဆိုပါ ရင်ပေါင်တိုင်ရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကို ယမန်နေ့ (ဩဂုတ် ၁၂ရက်) နေ့လည်ပိုင်းက ဒေသခံ PDFများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီး ရဟတ်ယာဉ်ဖြင့် ထပ်မံစစ်အင်အားဖြည့်တင်း ခဲ့ရသည်ဟု ဆိုသည်။

ယင်းမာပင်
ယင်းမာပင်

ရဟတ်ယာဉ်နှင့်လာချသည့် စစ်ကောင်စီတပ်များ အထိနာ၍ ပျူစောထီးများကို ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်ရဟု ဒေသPDFပြော

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်တိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိနာ၍ စစ်အင်အားများ ထပ်မံဖြည့်ဆည်းခဲ့ကြောင်း ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်(PDF) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဩဂုတ် ၁၁ရက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် လေးကြိမ် လာရောက်၍ စစ်အင်အားများချကာ ဝင်ရောက်စီးနင်းတိုက်ခိုက် ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့နှင့် အရပ်သားအချို့ ကျဆုံး၊ ဖမ်းဆီးခံရနိုင်ပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ရင်ပေါင်တိုင်ရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကို ယမန်နေ့ (ဩဂုတ် ၁၂ရက်) နေ့လည်ပိုင်းက ဒေသခံ PDFများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီး ရဟတ်ယာဉ်ဖြင့် ထပ်မံစစ်အင်အားဖြည့်တင်း ခဲ့ရသည်ဟု ဆိုသည်။

“ရင်ပေါင်တိုင်မှာ ပို့ထားတဲ့ စစ်ကောင်စီတွေကို အကုန်လုံး အပြီးရှင်း စခန်းသိမ်းလုပ်နိုင်မယ့် အနေအထား ရောက်ခါနီးမှာ လေကြောင်း ပစ်ကူလာတဲ့အတွက်ကြောင့် ဇီးဖြူကုန်း(ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ)က ပျူစောထီးတွေကိုလည်း အင်အားလာဖြည့်တဲ့အတွက်ကြောင့် ဒေသခံ တိုက်ခိုက်ရေး အဖွဲ့တွေက နောက်ပြန်ဆုတ်ပေးလိုက်ရတယ်”ဟု ဒေသခံ PDFက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြီး အခြေအနေ မကောင်း၍ လေကြောင်း ပစ်ကူ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်အင်အား ဖြည့်တင်းရန် အခက်အခဲကြောင့် စစ်ကောင်စီတပ်များအစား ပျူစောထီးများကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်သည်အင်အားက အထွေအထူးကို ပြောစရာမရှိဘူး။ ဒီကောင်တွေ အင်အားမရှိတော့ဘူး ။သူတို့က အင်မတန်လက်နက်ခဲယမ်းပေါပြီး လူမရှိတော့ဘူး။ လက်နက်ခဲယမ်းနဲ့ လူနဲ့ဆိုသူတို့က လူနှမြောတဲ့ သဘောရှိတယ်။ ဘာလို့လဲဆိုရင် ဇီးဖြူကုန်းကနေ ရင်ဘောင်တိုင်ကို လာတာတောင် ထောက်ပို့ ဟက်စကီးကို သုံးပြီးပို့ဆောင်ရတဲ့အနေအထား။ မြေပြင်ပေါ်ကို လမ်းလျှောက်လာရဲတဲ့ အနေအထားမရှိတော့ဘူး”ဟု ယင်းမာပင်ဒေသခံ PDFတာဝန်ရှိသူက ပြောသည်။

အဆိုပါ ဒေသများသည် ဒေသခံ PDFများ စိုးမိုးထားသည့် နေရာများဖြစ် သောကြောင့် အကယ်၍ မြေပြင်မှ စစ်အင်အားဖြည့်တင်းလာပါကလည်း တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားကြကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။