Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရဟတ်ယာဉ်များဖြင့်စီးနင်းခံရ​သောရင်ပေါင်တိုင်ရွာတွင်ရှိ​နေ​သောစစ်​ကောင်စီတပ်ကိုPDFများတိုက်ခိုက်

ကိုယ့်မှာရှိတာကို မသိထားလေ ကိုယ့်ဘက်က အသာစီးရဖို့အတွက် တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းများလေလို့ ယူဆတယ်” ဟု ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်​ကောင်စီ ဝါဒဖြန့်မီဒီယာများတွင်​ဖော်ပြထား​​သော ရင်​ပေါင်တိုင်ရွာစီးနင်းတိုက်ခိုက်မှုတွင်သိမ်းဆည်းရမိသည်ဆို​သောလက်နက်ခဲယမ်းများ
စစ်​ကောင်စီ ဝါဒဖြန့်မီဒီယာများတွင်​ဖော်ပြထား​​သော ရင်​ပေါင်တိုင်ရွာစီးနင်းတိုက်ခိုက်မှုတွင်သိမ်းဆည်းရမိသည်ဆို​သောလက်နက်ခဲယမ်းများ

●စစ်ကောင်စီတပ်ကပျူများကိုပါ ယ​နေ့ ည​နေတွင်ရဟတ်ယာဥ်ဖြင့်ပို့၍အင်အားထပ်ဖြည့်

●​​​သြဂုတ်၁၁ ရက်စီးနင်းမှုတွင်PDF နှင့်​ဒေသခံအချို့ကျဆုံး၊ဒဏ်ရာရပြီး လက်နက်ခဲယမ်းအချို့ဆုံးရှုံး

●ပိတ်မိ​နေ​သောPDFများပြန်လည်​ဖောက်ထွက်နိုင်ခဲ့ပြီး ၊နှစ်ဖက်စစ်​ရေးတင်မာ​နေ

စစ်​ကောင်စီတပ်က ရဟတ်ယာဥ်များအသုံးပြု၍ စီးနင်းခဲ့​​သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် ​ရောက်နေ​သော စစ်တပ်ကိုယ​နေ့(သြဂုတ် ၁၂) PDFများက တိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံ ပြည်သူ့ကာကွယ်​ရေးဖွဲ့အချို့မှ ​တာဝန်ရှိသူနှစ်ဦးက​ပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီး​နောက်စစ်ကောင်စီတပ်က ယ​နေ့ည​နေတွင် အင်အားထပ်မံဖြည့်တင်းနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း​ဒေသခံ PDFအဖွဲ့ တစ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ယမန်နေ့( သြဂုတ် ၁၁ )ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ရင်ပေါင်တိုင်ရွာနှင့် အနီးရှိရွာအချို့ကိုတိုက်ခိုက်​ရေးရဟတ်ယာဥ်နှစ်စင်း ၊​ထောက်ပို့ယာဥ်တစ်စင်းဖြင့် အကြမ်းစစ်ကောင်စီတပ်မှ အင်းအား (၁၅ဝ)ခန့်ကို ရဟတ်ယာဥ်များဖြင့် ချပေးကာ ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ​အထက်ပါတာဝန်ရှိသူများက​ပြောသည်။ထိုအပြင် ​ထောက်ပို့ရဟတ်ယာဥ်တစ်စီးဖြင့်လည်း စစ်​ကောင်စီတပ်သားများကို ထပ်မံအင်အားဖြည့်ခဲ့သည်။

ယင်းမာပင်မြို့နယ်ကို Google Map တွင်​တွေ့ရမှု
ယင်းမာပင်မြို့နယ်ကို Google Map တွင်​တွေ့ရမှု

အဆိုပါစီးနင်းခံရမှုတွင် PDFအချို့နှင့်ပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရနိုင်ပြီး လက်နက်အချို့ဆုံးရှုံးခဲ့ရကြောင်း ဒေသ PDF တာဝန်ရှိသူက ပြောသည်။ထို​ကြောင့် ရင်ပေါင်တိုင်သို့ရောက်နေသည့်စစ်ကောင်စီတပ်ကိုယနေ့(သြဂုတ် ၁၂) မွန်းလွဲပိုင်းတွင် ​ဒေသခံ PDFပူးပေါင်းအဖွဲ့များကပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“နေလည်ခင်း နဲ့ ညနေစောင်းဘက်မှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်တော့ ဟိုဘက်(စစ်ကောင်စီ)က အထိအခိုက်ကိုတော့ အခြေအနေမသိရသေးဘူး။ ကိုယ့်ဘက်က ရဲဘော်တစ်ယောက်တော့ မစိုးရိမ်ရတဲ့ ထိခိုက်မှုရှိတယ်။ အနေအထားက ကျွန်တော်တို့ ဒီဘက်ခြမ်းကို အရှိန်အဟုန်ကြီးကြီးနဲ့ စစ်ကြောင်းထိုးမယ့် သဘောလို့ ယူဆတယ်” ဟု ဒေသ PDF တာဝန်ရှိသူတစ်ဦးက People’s Springသို့ပြောသည်။

ထိုအပြင်ယနေ့ ည​နေ ၆နာရီခန့်တွင် စစ်ကောင်စီတပ်ကရဟတ်ယာဥ် ၂ စင်းဖြင့်ထပ်မံအင်အားဖြည့်နေသည်ဟုသိရသည်။

“ပုလဲမြို့နယ် ဇီးဖြူကုန်းက ပျူတွေကို သယ်ပြီးတော့ ရင်ပေါင်တိုင်နဲ့နီးတဲ့ ပုလဲမြို့နယ်ထဲကပဲ ပုဗ္ဗကျေးရွာ ခေါင်းရင်းကို ထောက်ပို့ ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ခေါက်ပြန်သယ်ပို့နေတယ်။” ဟု ဒေသခံ PDF တာဝန်ရှိသူက ပြောသည်။

ထိုသို့ပို့ဆောင်ရင်းစစ်ကောင်စီကတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်း ပြုလုပ်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

သို့​သော်စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းစဉ်ပိတ်မိနေသည့် ဒေသခံ ပြည်သူများ ယနေ့မနက်တွင် ရှောင်တိမ်းနိုင်ခဲ့ပြီး ပိတ်မိနေသည့် PDF ရဲဘော် ၃၀ ခန့်လည်းလွတ်ကင်းရာသို့ ထွက်နိုင်ခဲ့သည်ဟုလည်း​PDF အချို့က​ပြောသည်။

▪︎သြဂုတ် ၁၁ ရက်ကရင်​ပေါင်တိုင်ရွာမှာဘာဖြစ်ခဲ့တာလဲ

ဩဂုတ် ၁၁ရက် မွန်းလွဲ ၃နာရီခန့်တွင်စစ်​ကောင်စီတပ်၏တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်း၊ထောက်ပို့ရဟတ်ယာဉ် ၁စင်းတို့ဖြင့် အကြမ်းဖက်စစ်သားအင်အား (၁၅၀)ခန့်အသုံးပြု၍ တစ်ပြိုင်တည်း ရင်ပေါင်တိုင်ရွာအား လျှပ်တပျက်တိုက်ခိုက် စီးနင်းခံခဲ့ရသည်။ထိုအပြင်ထောက်ပို့လေယာဉ်ဖြင့်လည်းစစ်သားများကို ထပ်မံပို့ဆောင်ခဲ့ကြောင်းသိရသည်။

“အဲဒီမှာ ကျဆုံးမှုဆိုတာကတော့ အရပ်သားတွေ ကလည်း ဘာမှ ရှောင်ချိန်တိမ်းချိန်မရဘူး။ အရပ်သားတွေထဲက ကျဆုံးမှုတွေလည်း ဖြစ်နိုင်တယ်” ဟု​ဒေသခံ PDFအဖွဲ့တစ်ဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

PDF ၁ ဦးကျဆုံးပြီး ၇ ဦး​ကျော်ဒဏ်ရာရရှိကာ ၊ တစ်ဦးမှပြင်းထန်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ထိုအပြင်​ကျေးရွာသားအချို့​လည်း​သေဆုံး ဒဏ်ရာရရှိမှု ရှိ​နိုင်​ကြောင်း​ဒေသခံအချို့ကဆက်​ပြောသည်။​ကျဆုံး ၊ဒဏ်ရာရမှုအ​ခြေအ​နေများကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“သူတို့(စကစတပ်)က အဖွဲ့တစ်ဖွဲ့ကို သတင်းအတိအကျရလို့ လာတဲ့ သဘောမျိုးလို့ယူဆတယ်။ ပြီးတော့နယ်မြေခံဒလန်လည်း ပါမှာပေါ့။ လေကြောင်းကအရင်ပစ်ပြီး လူတွေလည်းချပေါ့။ အဲဒီလုပ်ပြီးတော့မှ စစ်ကြောင်းထိုးလာတာဗျ”ဟု ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့ဖြစ်​သော Myanmar National Armed Force -MNAF မှ ဗိုလ်ရောင်နီက လူထုနွေဦးသတင်းဌာနသို့ပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုမှုအရ လက်နက်သယ်ယူရန်လာသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ရင်ပေါင်တိုင်သို့ရောက်ရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းပစ်ကူအပါအဝင် ပျူစောထီးပူးပေါင်းအင် အားများဖြင့် မြေပြင်စစ်ကြောင်းထိုး၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

“ဒလန်သတင်းပေး တော်တော်တိတိကျကျ ပေးလို့ဖြစ်မယ်။ အဲဒါ နမခဘက်က လျှပ်တပြတ် တက်လာပြီးတော့ ဝင်ပစ်တာ” ဟု အခြား PDF အဖွဲ့တစ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကလည်း People’s Spring ပြောသည်။

ယင်းမာပင်နယ်သည် လွတ်မြောက်နယ်မြေကဲ့သို့ နေထိုင်ကြပြီး သတင်းချိတ်ဆက်မှု အားကောင်းသည့် အနေအထား ဖြစ်သော်လည်း ယခုကဲ့သို့ လေကြောင်း မှ လျှက်တပြတ် ဝင်ရောက်တိုက်ခိုက်ခံရသည့်အပေါ် အားမရဖြစ်မိသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ကိစ္စတစ်ခုဖြင့် ရင်ပေါင်တိုင်သို့ ရောက်ရှိနေသော MNAF တပ်ဖွဲ့မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှစ်ဦးနှင့် အရာရှိအပါအဝင်ရဲဘော်အချို့မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပက်ပင်းတိုး၍ ပစ်ခွာခွာခဲ့ရာ ဒုတပ်ရင်းမှူးနှင့်အတူရှိနေခဲ့သော ရဲဘော်နှစ်ဦး ဖမ်းဆီးခံရနိုင်ခြေရှိနေကြောင်း ဗိုလ်ရောင်နီကလည်းပြောသည်။

အကြမ်းဖက်စစ်တပ်က သြဂုတ် ၁၁ ရက်တစ်ည​နေလုံးရင်ပေါင်တိုင်ရွာအား လေကြောင်းပစ်ခတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အပြင် အနီးဝန်းကျင် တစ်မိုင်ပတ်ချာလည်မှ ဆင်တဲ၊ ညောင်ကိုင်း၊ သာစည်၊ ပုထိုးသာအပါအဝင် ကျေးရွာ (၁၀)ရွာထက်မနည်းကို လေကြောင်းမှ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါစီးနင်းတိုက်ခိုက်မှုတွင်ရွာခံပြည်သူအများအပြားလည်း ပိတ်မိနေခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

“မိန်းကလေးတချို့ ပြန်လွှတ်ပေးပြီးယောက်ကျားလေး​တွေကို ဖမ်းထားတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ခဲယမ်း များ ဆုံးရှုံးမှု ရှိကြောင်းလည်း​အထက်ပါတာဝန်ရှိသူများက​ပြောသည်။

▪︎စစ်​ကောင်စီဝါဒဖြန့်မီဒီယာ​တွေကဘယ်လို​ဖော်ပြလဲ

စစ်ကောင်စီဝါဒဖြန့်မီဒီယာများ၏ ဖော်ပြချက်အရ PDF တပ်ဖွဲ့ဝင်များ ရင်ပေါင်တိုင်သို့ ရောင်ရှိနေသည်သတင်းရ၍ လေးကြောင်းပစ်ခတ်မှုအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်း၊PDF တပ်ဖွဲ့ဝင် ခုနစ်ဦးအသေရရှိကြောင်းနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိသည်ဟု​ဖော်ပြ​နေသည်။

▪︎ဘယ်လိုသင်ခန်းစာယူမလဲ

နောင်တွင် တော်လှန်ရေးနှင့်ပတ်သက်သည့် လူစုလူဝေး လုပ်မည်ဆိုပါက ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများ ကြုံရနိုင်သည့် အပေါ် ကြိုတင်ပြင်ဆင်စီစဉ်ထားရန်လိုအပ်ကြောင်း ယင်းမာပင်နယ်ခံ PDFတစ်ဦးက အကြံပြုသည်။ ထို့ပြင် ကျေးရွာလူထုနှင့် လွတ်ကင်းသည့် တစ်နေရာရာ၌ လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက​ပြောသည်။

“အဲဒီမှာဘာကြောင့် ဒီလိုမျိုး တေ့တေ့ဆိုင်ဆိုင်အပစ်ခံရသလဲ။ ဥပမာဆိုပါစို့ နမခကနေလေယာဉ်တောင်ပံခပ်ပြီဟေ့ဆိုရင် မြေကြီးနဲ မလွတ်ခင်ကတည်းက သတင်းက အရင်ရောက်တာလေ။ အဲဒီ အနေအထားမျိုး သတင်းရနေတာကို သူတို့က ရှောင်ချိန်တိမ်းချိန်ကတကယ်တန်းလှုပ်ရှားတဲ့အဖွဲ့တွေကသတင်းရရှိမှုနောက်ကျသလားသို့မဟုတ်လျှော့တွက်သလား အဲဒါလေးတစ်ချက်တော့ စိတ်ထဲ အားမလိုအားမရ ဖြစ်မိတဲ့အတိုင်းအတာတော့မြင်တယ်” ဟုPDF တစ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကလည်းပြောသည်။

ထိုအပြင် စစ်ရေးအရ အရေးကြီးသည့် အခြေအနေတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိအသုံးပြုနေသည့်လက်နက်အခြေနေနှင့်ပတ်သက်ပြီး လိုအပ်သည်ထက်ပိုမို ထုတ်ဖော်ပြောဆိုမှုများမပြုလုပ်ရန်လည်းအဆိုပါဒေသခံPDFတာဝန်ရှိသူတစ်ဦးက အကြံပြုသည်။ ပြီးခဲ့သည့်ရက်ပိုင်းကကာကွယ်ရေးဝန်ကြီးဌာနကလေကြောင်းအန္တရာယ်ကာကွယ်ရေးလက်နက်မှာစတင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်းအသိပေးခဲ့သည့်အပေါ် နမူနာ​ပေး၍ယခုကဲ့သို့အကြံပြုတိုက်တွန်းခြင်းဖြစ်သည်။

“အကြီးပိုင်း ပုဂ္ဂိုလ်တွေကပဲဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် တပ်ရင်းတပ်ဖွဲ့တွေကပဲ ဖြစ်ဖြစ် လက်နက်နဲ့ ပတ်သတ်တဲ့အရာတွေ အမှန်တကယ်က ထုတ်ပြောတာ မကောင်းဘူးလို့ထင်တယ်။

ကိုယ့်မှာရှိတာကို မသိထားလေ ကိုယ့်ဘက်က အသာစီးရဖို့အတွက် တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းများလေလို့ ယူဆတယ်” ဟု ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။