Connect with us

Hi, what are you looking for?

သတင်း

ရွာငံတွင် PDF ရဲဘော်သုံးဦးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိဟု စစ်ကောင်စီသတင်းအမှားဖြန့်

စစ်ကောင်စီဘက်မှ ပြည်သူများအပေါ်လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုများအား အလှည့်ကြမနွဲ့စတမ်း အကြွေးပြန်ယူ လက်တုန့်ပြန်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏အပေါင်းအပါများအားလုံး -ျီးဝအောင်စားထားရန်ကြိုသတိပေးထားသည်။

(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

▪️ရဲဘော်များလုံခြုံစွာရှိပြီး အထူးပြောက်ကျားတိုက်ခိုက်မှုအတွက် အပြင်းအထန်လေ့ကျင်နေဟု အသိပေး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း PDF ရဲဘော်သုံးဦးနှင့်အတူ လက်နက်ခဲယမ်းများဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ​၏ ဝါဒဖြန့် Pindaya People’s Voice အမည်ရှိ အွန်လိုင်းပေ့ချ်တစ်ခုက သတင်းအမှားဖြန့်ဝေခဲ့ကြောင်း YPDF က ယနေ့(သြဂုတ် ၁၄) အသိပေးထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီဝါဒဖြန့်မီဒီယာက သတင်းအမှားဖြန့်ရာတွင် ရွာငံဒေသ တဲ့လုကျေးရွာဘက် သို့ စစ်ကောင်စီတပ်မှ စစ်ကားခုနစ်စီး အင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေပြီး YPDF(JPGF) ရဲဘော်သုံးဦးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

“YPDF(or) JPGFအဖွဲ့သားများမှာကျဆုံးခြင်းမရှိဘဲ လုံခြုံစွာရှိနေပါကြောင်း၊ စစ်ခွေးဘက်မှထုတ်ပြန်သော သတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်ပြည်သူများအားအသိပေးတင်ပြအပ်ပါသည်”ဟု သတင်းအမှားနှင့်စပ်လျဥ်းပြီး YPDF က ဖော်ပြသည်။

ထို့အပြင် YPDF(JPGF)တပ်သားများအနေဖြင့် လက်ရှိတွင် အထူးကွန်မန်ဒိုပြောက်ကျားသင်တန်းတွင် ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေပြီး စုဖွဲ့မှုအသစ်ဖြင့်ပြန်လာနိုင်ရန်ကြိုးပမ်းလျက်ရှိနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ပြည်သူများအပေါ်လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုများအား အလှည့်ကြမနွဲ့စတမ်း အကြွေးပြန်ယူ လက်တုန့်ပြန်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏အပေါင်းအပါများအားလုံး -ျီးဝအောင်စားထားရန်ကြိုသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။