Connect with us

Hi, what are you looking for?

သတင်း

ရွာငံတွင် PDF ရဲဘော်သုံးဦးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိဟု စစ်ကောင်စီသတင်းအမှားဖြန့်

စစ်ကောင်စီဘက်မှ ပြည်သူများအပေါ်လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုများအား အလှည့်ကြမနွဲ့စတမ်း အကြွေးပြန်ယူ လက်တုန့်ပြန်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏အပေါင်းအပါများအားလုံး -ျီးဝအောင်စားထားရန်ကြိုသတိပေးထားသည်။

(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

▪️ရဲဘော်များလုံခြုံစွာရှိပြီး အထူးပြောက်ကျားတိုက်ခိုက်မှုအတွက် အပြင်းအထန်လေ့ကျင်နေဟု အသိပေး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း PDF ရဲဘော်သုံးဦးနှင့်အတူ လက်နက်ခဲယမ်းများဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ​၏ ဝါဒဖြန့် Pindaya People’s Voice အမည်ရှိ အွန်လိုင်းပေ့ချ်တစ်ခုက သတင်းအမှားဖြန့်ဝေခဲ့ကြောင်း YPDF က ယနေ့(သြဂုတ် ၁၄) အသိပေးထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီဝါဒဖြန့်မီဒီယာက သတင်းအမှားဖြန့်ရာတွင် ရွာငံဒေသ တဲ့လုကျေးရွာဘက် သို့ စစ်ကောင်စီတပ်မှ စစ်ကားခုနစ်စီး အင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေပြီး YPDF(JPGF) ရဲဘော်သုံးဦးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီ​၏ ဝါဒဖြန့်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

“YPDF(or) JPGFအဖွဲ့သားများမှာကျဆုံးခြင်းမရှိဘဲ လုံခြုံစွာရှိနေပါကြောင်း၊ စစ်ခွေးဘက်မှထုတ်ပြန်သော သတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်ပြည်သူများအားအသိပေးတင်ပြအပ်ပါသည်”ဟု သတင်းအမှားနှင့်စပ်လျဥ်းပြီး YPDF က ဖော်ပြသည်။

ထို့အပြင် YPDF(JPGF)တပ်သားများအနေဖြင့် လက်ရှိတွင် အထူးကွန်မန်ဒိုပြောက်ကျားသင်တန်းတွင် ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေပြီး စုဖွဲ့မှုအသစ်ဖြင့်ပြန်လာနိုင်ရန်ကြိုးပမ်းလျက်ရှိနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ပြည်သူများအပေါ်လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုများအား အလှည့်ကြမနွဲ့စတမ်း အကြွေးပြန်ယူ လက်တုန့်ပြန်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏အပေါင်းအပါများအားလုံး -ျီးဝအောင်စားထားရန်ကြိုသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။