Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ် ဇေယျဝတီရွာအနီးတွင် စစ်ကောင်စီတပ် သုံးရက်အတွင်းနှစ်ကြိမ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် ဇေယျဝတီကျေးရွာအား သုံးရက်တိုင်တိုင် နေထိုင်ပြီးနောက် မီးတင်ရှို့ရာ နေအိမ် ၅၄လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင်တွေ့ရသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - EPA)
(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင်တွေ့ရသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - EPA)

ဇေယျဝတီရွာရှိ နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ဇေယျဝတီကျေးရွာအနီး၌ စစ်ကောင်စီတပ် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာ နေအိမ် ၅၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၁ဝ ရက်က ရေဦးမြို့နယ်၊ ကုန်းသာရွာအနီး ရဟတ်ယာဥ်ဖြင့်ချထား ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ကုန်းသာ၊ရွာသစ်၊ချမ်းသာ၊တောင်ခွင်၊ငှက်ပျောတော၊ကွမ်းအုံ၊မကျည်းကုန်းနှင့် ဒေါင့်ဒိုးကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သည် သြဂုတ်၁၃ ရက် နံနက် ၉နာရီခန့်တွင် ဇေယျဝတီကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။ ထိုစစ်ကြောင်းကို ဇေယျဝတီရွာ အဝင်တွင် လက်နက်ကြီးနှစ်ချက်တိတိဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား သုံးဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာ ရနိုင်ကြောင်း FREEDOM REVOLUTION FORCE(FRF)တပ်ဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်သည် ဇေယျဝတီကျေးရွာအား သုံးရက်တိုင်တိုင် နေထိုင်ပြီးနောက် မီးတင်ရှို့ရာ နေအိမ် ၅၄လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဇေယျဝတီရွာကို သုံးနေရာလောက်ခွဲရှို့ခဲ့တာလို့ သိရပါတယ်ဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၅ရက်) နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ဇေယျဝတီရွာမှ ဒီပဲယင်းမြို့နယ် ဆင်ရောက်ကြီးကျေးရွာဘက်ကို ထွက်ခွာလာခဲ့သည်။ အဆိုပါ စစ်ကြောင်းကို လက်နက်ကြီးဖြင့် သုံးချက်ပစ်ခက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ အသေအပျောက်နှင့် ဒဏ်ရာရရှိမှုရှိနိုင်ကြောင်း FREEDOM REVOLUTION FORCE(FRF)တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ရေဦးနယ်မှ ဒီပဲမြို့နယ်အနောက်ခြမ်းသို့ ကူးလာခဲ့ပြီး အောင်သာကျေးရွာ ကို ဝင်ရောက်မွှေနှောက်ကာ နဂါးတွင်းအုပ်စု ဘော်ကုန်းရွာ တွင် တပ်စွဲနေ၍ အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။