Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်က ၎င်းတို့တိုက်ခိုက်ခံရပါက ဓားစားခံ ဖမ်းထားသူများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ရဟတ်ယာဉ် ပေါ်မှ စက်သေနတ် များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်သို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း တို့ကြောင့် ရင်ပေါင်တိုင် ကျေးရွာ ဒေသခံ ၃၀ခန့် သေဆုံးနိုင်ကြောင်း ရင်ပေါင်တိုင် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – မြောက်ယမားတပ်ဖွဲ့
ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – မြောက်ယမားတပ်ဖွဲ့

ရင်ပေါင်တိုင်ရွာကို စီးနင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း လူသားဒိုင်းအဖြစ် အသုံးပြုခြင်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ပြန်လည်ထွက်ခွာသွားသည့် စစ်ကောင်စီတပ်သည် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားပြီး ယမန်နေ့က ဖမ်းဆီးထားသူ နှစ်ဦးကို ပြန်လွှတ်ကာ ၎င်းတို့စစ်ကြောင်းအား တိုက်ခိုက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရင်ပေါင်တိုင်ဒေသခံ တစ်ဦးက ပြောသည်။

ဩဂုတ် ၁၁ရက်တွင် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်များ အသုံးပြုစီးနင်း တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် လက်ရှိတွင်ယင်းမာပင်မြို့နယ်အတွင်း လှည့်လည်လျက်ရှိသည်ဟု ဆိုသည်။

“မနေ့က ဓားစာခံ နှစ်ယောက်လွှတ်လိုက်တယ်။ သူတို့ကို တိုက်ခိုက်ရင် ဓားစားခံတွေ တစ်ယောက် ပြီး တစ်ယောက် သတ်ပစ်မယ်လို့ သူတို့ သတင်းပါး လိုက်တယ်”ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ပြန်လွှတ်ပြီး သတင်းစကားပါးခဲ့သော်လည်း ယနေ့တွင် အရပ်သား နှစ်ဦး သတ်ဖြတ်ခံရ သည်ဟုသိရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာခံကို သူတို့ရဲ့ ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး ရှေ့ကနေ သွားခိုင်းတယ်။ အဲဒါကိုလည်း အဖွဲ့အစည်းတွေကိုတော့ ချိတ်ပေးထားတယ်။ အရပ်သား ပြည်သူတွေပါတယ် ယူနီဖောင်းတွေ ဝတ်ပေးထားတယ်။ လက်လှမ်းမီ သလောက် အကုန် ချိတ်ဆက်လုပ်ပေးထားပါတယ်”ဟု အဆိုပါ ဒေသ PDF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ရဟတ်ယာဉ် ပေါ်မှ စက်သေနတ် များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်သို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း တို့ကြောင့် ရင်ပေါင်တိုင် ကျေးရွာ ဒေသခံ ၃၀ခန့် သေဆုံးနိုင်ကြောင်း ရင်ပေါင်တိုင် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာမှ ဒေသခံ ၂၄ဦးထက်မနည်း ကို ဓားစာခံအဖြစ်ခေါ် ဆောင်သွားကြောင်း၊ စစ်ကြောင်း ပြန်ထွက်သွားရာ လမ်းတလျှောက်တွင် ကျေးရွာများ၌ နေအိမ်နှင့် စျေးဆိုင်ခန်းများကို မီးရှို့ ဖျက်ဆီးကာ အရပ်သား ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် သွားကြောင်း ယင်းမာပင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖမ်းဆီးသတ်ဖြတ်တာက တော်တော်လေးဆိုးဆိုးဝါးဝါး မြင်ကွင်းမှာ မကောင်းတာက နုန်းရွာက ဆယ်တန်းကျောင်းသူ လေးကို မုဒိမ်းကျင့်သတ်သွားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာတွင် ချင်းတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု ဒလန်က သတင်းပေး၍ စစ်ကောင်စီတပ်က ဩဂုတ် ၁၁ရက် မွန်းလွဲပိုင်း၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၂ရက်နှင့် ၁၃ရက်နများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှလည်း သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသ PDF တာဝန်ရှိသူ အချို့က ပြောကြားသည်။ လက်ရှိတွင် ရင်ပေါင်တိုင်ရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်အတွင်းလှည့်လည် စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။