အိန္ဒိယတွင်ခိုလှုံနေသည့် မြန်မာတက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်များကို အကြမ်းဖက်စစ်ကောင်စီလက်ထံပြန်မအပ်ရန် India For Myanmar က တောင်းဆိုသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အပါအဝင် လူသားချင်းစာနာမှု ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ နိုင်ငံအသီးသီးသံရုံးများသို့ IFM ကပေးပို့တောင်းဆိုထားခြင်းဖြစ်သည်။


အကြမ်းဖက်စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးတို့ ဇူလိုင် ၂၆တွင်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် အိန္ဒိယနိုင်ငံ၌ နိုင်ငံရေးလှုပ်ရှားနေသူများ၊ စစ်ဘေးရှောင်များကိုပြန်ပို့ရန် နှစ်ဖက်ပြည်ထောင်စုအဆင့် ဆွေးနွေးရန်ပြင်ဆင်နေကြောင်း ပေါက်ကြားစာအရ သိရသည်။
အဆိုပါ ပေါက်ကြားစာကို ဘာသာပြန်ကာ UNHCR ၊ နိုင်ငံတကာအဖွဲ့အစည်းများ ဒီမိုကရေစီ နိုင်ငံသံရုံးများထံ IFMက ပေးပို့ထားကြောင်း ထုတ်ပြန်သည်။

Public Service Announcement


















































